“ရိုဒရီဂိုမန်ဒိုဇာ ကို ၅ နှစ်ချုပ်နဲ့ ခေါ်ယူလိုက်တဲ့ အက်သလက်တီကိုအသင်း”

05 Feb

အက်သလက်တီကိုအသင်းက အယ်လ်ချီအသင်း ကွင်းလယ်ကစားသမား ရိုဒရီမန်ဒိုဇာ ကို ၅ နှစ်ချုပ်နဲ့ ခေါ်ယူကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အက်သလက်တီကိုအသင်းက ရိုဒရီမန်ဒိုဇာ ကို အပိုဆုကြေးအပါအဝင် ယူရို ၁၇ သန်းနဲ့ ၂၀၃၁ ခုနှစ်အထိ ၅ နှစ်စာချုပ် ချုပ်ဆိုနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရိုဒရီမန်ဒီုဇာ ဟာ အယ်လ်ချီအသင်းမှာ ပြိုင်ပွဲစုံ ၇၁ ပွဲကစား သွင်းဂိုး ၆ ဂိုး သွင်းယူကာ ခြေစွမ်းပြသနိုင်ခဲ့ ပါတယ်။ အခုနှစ်‌နွေရာသီအပြောင်းရွှေ့ကာလမှာ အက်သလက်တီကိုအသင်းက ကစားသမား ၃ ဦးအထိခေါ်ယူ အားဖြည့်ခဲ့ပါတယ်။ (NVS 008)

05 Feb

ADVERTISE HERE .