“အမေရိကန်က ကုန်ကျစရိတ်သက်သာပြီး အမြောက်အမြားထုတ်လုပ်နိုင်တဲ့ ဒုံးကျည်ကို အောင်မြင်စွာစမ်းသပ်”
05 Feb
အမေရိကန်လေတပ်က ပြီးခဲ့တဲ့လမှာ Extended Range Attack Munition (ERAM) လို့ခေါ်တဲ့ အဝေးပစ် တိုက်ခိုက်ရေးလက်နက်ကို ထိပ်ဖူးတပ်ဆင်ပြီး ပထမဆုံးလက်တွေ့ပစ်ခတ်စမ်းသပ်မှု အောင်မြင်ခဲ့ပါသည်။ ERAM ၏ ထူးခြားချက်သည် “Affordable mass” လို့ခေါ်သည့်ကုန်ကျစရိတ်သက်သာပြီး အမြောက်အမြားထုတ်လုပ်နိုင်ခြင်းဟု ခေါ်သည်။ အမေရိကန်သည် ယခင်က ဒေါ်လာသန်းချီတန်သည့် အလွန်ဈေးကြီးသော ဒုံးကျည်များကိုသာ အားကိုးခဲ့ရပေမယ့် ယခုစမ်းသပ်သည့် ERAM သည် စစ်ပွဲအတွင်းပျက်စီးဆုံးရှုံးခဲ့ရင်တောင် နှမြောမရှိလောက်အောင် ဈေးနှုန်းသက်သာသည့် အမျိုးအစားဖြစ်သည်။ ထို့ပြင် ရန်သူ့လေကြောင်းရန်ကာကွယ်ရေးစနစ်များကို အရေအတွက်အသားစီးဖြင့် တိုက်ခိုက်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။ အဆိုပါဒုံးကျည်ကို အဝေးမှတိကျစွာ ပစ်ခတ်နိုင်သည့် ရှေ့ပြေးပုံစံအဖြစ် အောင်မြင်စွာ စမ်းသပ်နိုင်ခြင်းဖြစ်ပြီး အချက်အလက်အပိုင်းတွင်လည်း ကျေနပ်စရာကောင်းကြောင်း တာဝန်ရှိသူများက ဆိုသည်။ ယခုစမ်းသပ်မှုမှတစ်ဆင့် နောင်တစ်ချိန်တွင် ဈေးနှုန်းသက်သာပြီး အရေအတွက်ထောင်ချီသည့် ဒုံးကျည်များကို အမြောက်အမြားထုတ်လုပ်သွားနိုင်တော့မည်ဖြစ်ကြောင်း IE သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရသည်။