“ရုရှားသမ္မတနှင့်ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသားတို့ ဖုန်းခေါ်ဆိုဆွေးနွေး”

05 Feb

ရုရှားသမ္မတပူတင် နှင့် ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား မိုဟမ်မက်ဘင်ဆယ်လ်မန် တို့သည် ဖေဖော်ဝါရီလ ၃ ရက်တွင် ဖုန်းခေါ်ဆိုဆွေးနွေးခဲ့ကြောင်း ကရင်မလင်နန်းတော်က သတင်းထုတ်ပြန်ထားသည်ဟု RT သတင်းဌာနက ဖော်ပြထားသည်။ အဆိုပါဖုန်းခေါ်ဆိုဆွေးနွေးပွဲတွင် ဆော်ဒီနှင့်ရုရှားနှစ်နိုင်ငံအကြား နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးကဏ္ဍ တို့၌ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် သမ္မတပူတင်နှင့် အိမ်ရှေ့မင်းသား ဘင်ဆယ်လ်မန် တို့က သဘောတူခဲ့ကြ ကြောင်း ကရင်မလင်နန်းတော် သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ထို့ပြင် ရုရှားသမ္မတ ပူတင်နှင့်ဆော်ဒီ အိမ်ရှေ့မင်းသား ဘင်ဆယ်လ်မန် တို့သည် ရေနံထုတ်လုပ်တင်ပို့သူ နိုင်ငံများအသင်း(အိုပက်)နှင့်မိတ်ဖက်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ရုရှားနှင့်ဆော်ဒီအာရေဗျသံတမန်ဆက်ဆံရေး စတင်တည်ဆောက်မှု နှစ် ၁၀၀ ပြည့်မတိုင်မီ ရုရှားသမ္မတ ပူတင်နှင့် ဆော်ဒီအိမ်ရှေ့မင်းသား ဘင်ဆယ်လ်မန် တို့က ဖုန်းခေါ်ဆိုဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ရုရှားနှင့်ဆော်ဒီအာရေဗျတို့အကြား သံတမန်ဆက်ဆံရေးသက်တမ်းမှာ လာမည့်ဖေဖော်ဝါရီလ ၁၉ ရက်တွင် နှစ် ၁၀၀ ပြည့်မည် ဖြစ်ပြီး ရုရှားနိုင်ငံသည် အစဉ်အလာအရ ဆော်ဒီအာရေဗျနိုင်ငံနှင့်ခိုင်မာသည့် ဆက်ဆံရေး ရှိထားသည် နိုင်ငံဖြစ်ကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။

05 Feb

ADVERTISE HERE .