“(၁၆)ကြိမ်မြောက်အဖြစ် သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)မှာ မျက်စိအခမဲ့စမ်းသပ်၊ စစ်ဆေး၊ ခွဲစိတ်ကုသပေး”

05 Feb

နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိသီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရ၏ ဩဝါဒကိုခံယူ၍ သီတဂူမျက်စိအထူးကုဆရာဝန်ကြီးများက (၁၆) ကြိမ်မြောက် မျက်စိဝေဒနာရှင် များကို အခမဲ့စမ်းသပ်၊ စစ်ဆေး၊ ခွဲစိတ်ကုသပေးခြင်းအလှူတော်ကို ဖေဖော်ဝါရီလ ၃ ရက်မှ ၅ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၌ ဆောင်ရွက်ပေးလျက် ရှိပါတယ်။ အခုလိုဆောင်ရွက်လျက်ရှိရာ ဆရာတော်ကြီး၏ တပည့်၊ ဒါယကာများ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင် များက မျက်စိဝေဒနာရှင်များကို စာရင်းပေးသည်မှစ၍ ခွဲစိတ်ကုသမှုခံယူပြီးသည်အထိ စောင့်ရှောက် ကုသိုလ်ယူကြ တဲ့အပြင် စားသောက်ဖွယ်ရာများနှင့် သွားလာရေးအဆင်ပြေစေရန်အတွက် ယာဉ်များကိုပါ အခမဲ့စီစဉ်ဆောင်ရွက်ပေး လျက်ရှိသည်။ မျက်ဝေဒနာကို ပြသရန်အတွက် စာရင်းပေးထားသူ ၁,၆၀၀ ရှိရာ ဖေဖော်ဝါရီလ ၃ ရက်မှာ ၅၁၉ ဦးကို မျက်စိအခမဲ့စမ်းသပ်၊ စစ်ဆေးပေးခဲ့ပြီး ခွဲစိတ်ကုသမှုခံယူရမည့် မျက်စိဝေဒနာရှင် ၂၁၁ ဦးရှိကြောင်းနှင့် ဖေဖော်ဝါရီလ ၄ ရက် (ဒုတိယ)နေ့မှာ ၄၃၉ ဦးကို မျက်စိအခမဲ့စမ်းသပ်၊ စစ်ဆေးပေးခဲ့ရာ ခွဲစိတ်ကုသမှုခံယူရမည့် မျက်စိဝေဒနာရှင် ၁၅၂ ဦး ရှိကြောင်း သိရပါတယ်။(NVS 004)

05 Feb

ADVERTISE HERE .