“G & G အရောင်းဆိုင်များ နှင့် Capital အရောင်းဆိုင်များမှာ YPS ငွေဖြည့်ဝန်ဆောင်မှု ခေတ္တရပ်ထားမည်”
05 Feb
YPS နှင့် G&G နှစ်ဖက်ကြားရှိ နည်းပညာဆိုင်ရာပြုပြင်မှုများ ပြုလုပ်နေသဖြင့် လတ်တလောအချိန်ကာလမှာ G &G အရောင်းဆိုင်များ နှင့် Capital အရောင်းဆိုင်များမှာ YPS ငွေဖြည့်ဝန်ဆောင်မှုကို ခေတ္တရပ်ထားမည် ဖြစ်ကြောင်း Yangon Payment Services (YPS) က အသိပေးထုတ်ပြန်ထားပါတယ်။ ငွေဖြည့်ဝန်ဆောင်မှုသာ ရပ်နားထားခြင်းဖြစ်၍ YPS ကဒ်ဝယ်ယူခြင်း ဝန်ဆောင်မှုကိုသာ ရယူနိုင်မည် ဖြစ်ကြောင်း သိရပါတယ်။ G&G အရောင်းဆိုင်များ နှင့် Capital အရောင်းဆိုင်များတွင် YPS ငွေဖြည့်ဝန်ဆောင်မှုကို ပြန်လည်ရရှိပါက Yangon Payment Services (YPS) Facebook Page နှင့် Tiktok Channel များမှတစ်ဆင့် အသိပေးထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိ YPS ကဒ်ဝယ်ယူခြင်းနှင့် ငွေဖြည့်ခြင်း ဝန်ဆောင်မှု များကို လက်တလောရယူနိုင်သော နေရာများမှာ YPS အရောင်းကောင်တာများနှင့် အခြားသတ်မှတ်ထားတဲ့ နေရာများမှာ လုပ်ဆောင်နိုင်ကြောင်း သိရပါတယ်။ (NVS 004)