“ပြည်ထောင်စုအဆင့်ဈေးရောင်းပွဲတော်မှာ MSME လုပ်ငန်းရှင်များအတွက် လုပ်ငန်းစီးပွားချိတ်ဆက်မှု ပြခန်းပါဝင်မည်”

04 Feb

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ဈေးရောင်းပွဲတော်(နေပြည်တော်)မှာ MSME လုပ်ငန်းရှင် များအတွက် လုပ်ငန်းစီးပွားချိတ်ဆက်မှုပြခန်း (Business Matching Hall) ပါဝင်မည်ဖြစ်ကြောင်း စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။ အဆိုပါပြပွဲမှာ ပြည်တွင်းဈေးကွက်ချိတ်ဆက်မှု၊ ပြည်ပဈေးကွက်ချိတ်ဆက်မှု၊ ရင်းနှီးမတည်ငွေရရှိရေး အတွက် ချိတ်ဆက်မှုအပြင် သက်ဆိုင်ရာအစိုးရဌာနတွေကနေ သတင်းအချက်အလက်တွေကို မျှဝေပေးမယ့် အစီအစဉ်တွေ ပါဝင်ပါတယ်။ ပြည်တွင်းဈေးကွက်ချိတ်ဆက်မှုအနေနဲ့ MSME လုပ်ငန်းတွေက ထုတ်လုပ်ထားတဲ့ ထုတ်ကုန်ပစ္စည်းတွေကို ပြည်တွင်းမှာရှိတဲ့ Modern စတိုးတွေ၊ လက်လီ/လက်ကားဆိုင်တွေဖြစ်တဲ့ City Mart AERON၊ Makro၊ G and G စတဲ့ ဆိုင်တွေမှာ ရောင်းချနိုင်ရေးအတွက် လုပ်ငန်းစီးပွားချိတ်ဆက်မှု ပြခန်းကနေတစ်ဆင့် မျက်နှာချင်းဆိုင် တွေ့ဆုံပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ MSMEလုပ်ငန်းရှင်များအနေနဲ့ ပြပွဲမှတစ်ဆင့် ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တစ်ဦးဖြစ်စေမည့် လုပ်ငန်းစဉ်များ၊ သီလဝါ SEZ ၏ Promotion Zone အတွင်း ထုတ်လုပ်ရေးလုပ်ငန်းများ၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များ၊ လက်လီ/ လက်ကားရောင်းချသူများနှင့် အချင်းချင်းချိတ်ဆက်နိုင်မည့် လုပ်ငန်းစဉ်များ၊ ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အချိတ်အဆက်များရရှိစေရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါတယ်။ ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့မှာ ဝန်ကြီးဌာန ၉ ခုမှ MSME လုပ်ငန်းရှင်များအတွက် ပို့ကုန်/သွင်းကုန်ဆိုင်ရာ လုပ်ငန်းရှင်များပြည်ပဈေးကွက်ဝင်ရောက်နိုင်ရေးလိုအပ်တဲ့ Certificate ရရှိရေးနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတကာကုန်စည်ပြပွဲများတွင် MSME ထုတ်ကုန်များစွာ ပါဝင်ပြသနိုင်ရေးနှင့် Online E-Commerce Platform မှတစ်ဆင့် MSME ထုတ်ကုန်များကို နိုင်ငံတကာဝယ်လက် များသို့ တိုက်ရိုက်ချိတ်ဆက် ဝယ်ယူနိုင်ရေးကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါတယ်။ (NVS 004)

04 Feb

ADVERTISE HERE .