“စစ်လက်နက်ပစ္စည်း အကြွင်းအကျန်များကြောင့် ဘေးကင်းစေရေးအမူအကျင့်များဆိုင်ရာ(RASB)သင်တန်းပို့ချ”
04 Feb
မြန်မာနိုင်ငံအတွင်း စစ်လက်နက်ပစ္စည်းအကြွင်းအကျန်ပေါက်ကွဲမှုကြောင့် ဘေးအန္တရာယ် ပိုမြင့်တက်လာ ခြင်းကြောင့် ပြည်တွင်းမှာရှိတဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့များ ဘေးကင်းစေရေးအမူအကျင့်များဆိုင်ရာ (RASB) သင်တန်းကို ပို့ချပေးလျက်ရှိကြောင်း သိရပါတယ်။ စစ်လက်နက်ပစ္စည်းအကြွင်းအကျန်များက မြန်မာနိုင်ငံအတွင်းဆက်လက်ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခကြောင့် အထူးသဖြင့် တိုက်ပွဲများကို တိုက်ရိုက်ထိတွေ့ခံစားနေရတဲ့ဒေသများမှာ ပိုမိုခံစားနေကြရကြောင်း သိရပါတယ်။ ဒါကြောင့် ဘေးအန္တရာယ်ဆိုင်ရာအသိပညာမြှင့်တင်ရန် ရပ်ရွာလူထုကို ဘေးဖြစ်နိုင်ခြေများက မိမိကိုယ်ကိုယ် မိမိကာကွယ်နိုင်စေရန် ထောက်အကူအနေနဲ့ဘေးအန္တရာယ်အသိပညာနှင့် ဘေးကင်းစေရေးအမူအကျင့်များဆိုင်ရာ (R ASB) သင်တန်းများကို နိုင်ငံတစ်ဝန်းမှာ ပို့ချပေးနေကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းက ကရင်ပြည်နယ်မှာ RASB သင်တန်းပေါင်း ၂၄၆ ပွဲ ကျင်းပခဲ့ပြီး ဒေသတွင်းနေရပ် စွန့်ခွာနေထိုင်ရသူများ၊ ကလေးသူငယ်များ၊ ဘာသာရေးအသိုင်းအဝိုင်းပုဂ္ဂိုလ်များနှင့် မသန်စွမ်းသူများအပါအဝင် လူပုဂ္ဂိုလ်ပေါင်း ၇,၅၅၈ ဦးကို အသိပညာမျှဝေနိုင်ခဲ့ကြောင်း ICRC က အသိပေးဖော်ပြထားပါတယ်။ (NVS 004)