“ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥပဒေပြဌာန်း”
04 Feb
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီတဲ့ ပြည်ထောင်စုလွှတ်တော်၏ ဥပဒေပြုခွင့်အာဏာကို ကျင့်သုံးပြီး ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကို ဖေဖော်ဝါရီလ ၃ ရက်မှ ပြဌာန်းလိုက်ကြောင်း သိရပါတယ်။ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့်ပြည်ထောင်စုတည်ဆောက်ရေး၊ တိုင်းပြည်သာယာဝပြောရေး နှင့် စားရေရိက္ခာပေါများရေး ရည်ရွယ်ချက်များဖြင့် ဥပဒေပြဌာန်းခြင်းဖြစ်ကြောင်း ဥပဒေမှာထည့်သွင်းဖော်ပြထား ပါတယ်။ ဥပဒေအရ နိုင်ငံတော်သမ္မတက သင့်လျော်တဲ့ ပုဂ္ဂိုလ်များနဲ့ ဥက္ကဋ္ဌနှင့်အတွင်းရေးမှုးအပါအဝင် အဖွဲ့ဝင် ၅ ဦး ထက်မနည်းပါဝင်၍ ကောင်စီကိုဖွဲ့စည်းရမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်သမ္မတကကောင်စီဥက္ကဋ္ဌနှင့် အတွင်းရေးမှုး ကို သတ်မှတ်ပေးမည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ကောင်စီ၏သက်တမ်းက နိုင်ငံတော်သမ္မတရဲ့ သက်တမ်းအတိုင်းဖြစ်ပြီး ဥပဒေပါပြဌာန်းချက်များကို အကောင်ထည်ဖော်ဆောင်ရွက်နိုင်ရန် လိုအပ်သည့် နည်းဥပဒေ၊အမိန့်၊ကြေငြာစာနှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်ကြောင်း အမိန့်စာကို ကိုးကားဖော်ပြပါတယ်။ (NVS 004)