“နည်းပြ ဖရန်ဆစ်ရို့ချ် နှင့် လမ်းခွဲခဲ့တဲ့ ရာဒူကာနူ”
03 Feb
ဗြိတိန်အဆင့်(၁) တင်းနစ်မယ် ရာဒူကာနူ ဟာ ဩစတြေးလျအိုးပင်းမှာ ဒုတိယအဆင့်ကနေ ထွက်ခဲ့ရပြီး နောက် ၆ လနီးပါး လက်တွဲလာခဲ့တဲ့ နည်းပြဖြစ်သူ ဖရန်ဆစ် ရို့ချ်နဲ့ လမ်းခွဲလိုက်ပါတယ်။ အသက် ၂၃ နှစ်အရွယ် ရာဒူကာနူဟာ အခုနှစ်ဩစတြေးလျအိုးပင်း ဒုတိယအဆင့်မှာ ပိုတာပိုဗာ ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်လိုက်ရတာဖြစ်ပါတယ်။ စပိန်တင်းနစ်သမား နာဒယ် ကို ဂရင်းစလမ်ချန်ပီယံဆုတွေရအောင် ကူညီပေးခဲ့တဲ့ နည်းပြ ရို့ချ် နဲ့ ရာဒူကာနူ တို့ဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လထဲက စတင်လက်တွဲခဲ့ကြတာ ဖြစ်ပါတယ်။ အတူလက်တွဲအလုပ်လုပ်ခဲ့ချိန်မှာ အကောင်းဆုံးကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ နည်းပြ ရို့ချ် နဲ့ လမ်းခွဲပြီးနောက် ရာဒူကာနူ က အင်စတာဂရမ်မှာ ရေးသားထားခဲ့ပါတယ်။ အခုလို နည်းပြ ရို့ချ်နဲ့ လမ်းခွဲလိုက်တာ ကြောင့် ၂၀၂၁ ယူအက်စ်အိုးပင်းချန်ပီယံဆုရှင် ရာဒူကာနူ ဟာ သူမရဲ့ ကစားသမားဘဝ ၁၀ ယောက် မြောက်နည်းပြကို ရှာဖွေရတော့မှာလည်းဖြစ်ပါတယ်။ (NVS 008)