“ကာလအတန်ကြာအနားယူရဖွယ်ရှိတဲ့ မယ်ရီနို”

03 Feb

အာဆင်နယ်အသင်းရဲ့ စပိန်ကစားသမား မယ်ရီနို ဟာ ခြေထောက်ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူရမှာဖြစ်တာကြောင့် ကာလအတန်ကြာ အနားယူရဖွယ်ရှိနေကြောင်း သိရပါတယ်။ မယ်ရီနို ဟာ မန်ယူအသင်းကို ၂ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ခြေထောက်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး စမ်းသပ်စစ်ဆေးမှုတွေအရ ညာဘက်ခြေထောက်က အရိုးတစ်ချောင်း ကျိုးသွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် လာမယ့်ရက်ပိုင်းအတွင်း ခွဲစိတ်ကုသမှု ပြုလုပ်သွားမှာဖြစ်ပြီး ရာသီမကုန်ခင် လေ့ကျင့်မှုအပြည့်အဝ ပြန်လုပ်နိုင်ဖို့ ရည်မှန်းထားကြောင်း အာဆင်နယ်အသင်းက အတည်ပြုကြေညာခဲ့ပါတယ်။ မယ်ရီနို ဟာ ၂၀၂၄ နွေရာသီမှာ ဆိုစီဒက်ကနေ အာဆင်နယ်အသင်းကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ၇၇ ပွဲကစားကာ ၁၅ ဂိုး သွင်းယူပေးထားပြီး ဒီရာသီမှာ ၃၃ ပွဲကစားပြီး ၆ ဂိုး သွင်းယူပေးထားပါတယ်။ (NVS 008)

03 Feb

ADVERTISE HERE .