ဗြိတိန်လွှတ်တော်အမတ်များအပေါ် ချမှတ်ထားသည့်အရေးယူပိတ်ဆို့မှုများ တရုတ်အစိုးရ ပြန်လည်ရုပ်သိမ်းပေးမည်

01 Feb

ဗြိတိန်လွှတ်တော်အမတ်များအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို တရုတ်အစိုးရက ပြန်လည် ရုပ်သိမ်းပေးမည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ကီရာ စတမ်မာ က ဇန်နဝါရီလ ၃၀ ရက်တွင် ထုတ်ဖော်ပြောကြား ခဲ့သည်ဟု Xinhua သတင်းဌာနက ဖော်ပြထားသည်။ ဗြိတိန်လွှတ်တော်အမတ်များအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို တရုတ်အစိုးရက ပြန်လည် ရုပ်သိမ်းပေးမည့်အစီအစဉ်ကို ဗြိတိန်ဝန်ကြီးချုပ် ကီရာ စတမ်မာ က တရုတ်နိုင်ငံခရီးစဉ်အတွင်း ကြေညာခဲ့ခြင်း ဖြစ်သည်။ ဗြိတိန်လွှတ်တော်အမတ်များအပေါ် အရေးယူပိတ်ဆို့မှုကို ပြန်လည်ရုပ်သိမ်းပေးရန် မိမိနှင့် တွေ့ဆုံ ဆွေးနွေးစဉ် တရုတ်သမ္မတ ရှီကျင့်ဖျင် က သဘောတူထားကြောင်း ဗြိတိန်ဝန်ကြီးချုပ်က ထုတ်ဖော်ပြောကြား ထားသည်။ ရှင်ကျန်းဒေသ လူ့အခွင့်အရေးကိစ္စများနှင့်ပတ်သက်၍ သတင်းမှားများ ဖြန့်ချိနေသည်ဟူသော စွဲချက်ဖြင့် တရုတ်အစိုးရက ၂၀၂၁ ခုနှစ်တွင် ဗြိတိန်လွှတ်တော်အမတ်ကိုးဦးကို အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဗြိတိန်ဝန်ကြီးချုပ် ကီရာစတမ်မာ သည် ရှစ်နှစ်တာကာလအတွင်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ပထမဆုံးဗြိတိန်ခေါင်းဆောင် ဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ ခန့်မှန်းရခက်ခဲသော မူဝါဒများကြောင့် အနောက်အုပ်စုနိုင်ငံများ အနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးမြှင့်တင်ရန် ကြိုးပမ်းနေချိန်တွင် တရုတ်နိုင်ငံသို့ ဗြိတိန်ဝန်ကြီးချုပ် ရောက်ရှိ နေခြင်းဖြစ်ကြောင်း သိရသည်။

01 Feb

ADVERTISE HERE .