ရုရှားစစ်လက်နက်ပစ္စည်းကုမ္ပဏီများ၏ ပြည်ပပို့ကုန်မှတ်တမ်းအား ရုရှားသမ္မတ ပူတင် ချီးကျူး
01 Feb
ရုရှားအခြေစိုက် စစ်လက်နက်ထုတ်လုပ်ရေးလုပ်ငန်းများ၏ ပြည်ပပို့ကုန်မှတ်တမ်းကို ရုရှားသမ္မတ ပူတင် က ဇန်နဝါရီလ ၃၀ ရက်တွင် ချီးကျူးခဲ့သည်ဟု RT သတင်းဌာနက ဖော်ပြထားသည်။ အနောက်အုပ်စုနိုင်ငံများက ဖိအားပေးနေသည့်တိုင် ရုရှားစစ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီများအနေဖြင့် ၂၀၂၅ ခုနှစ်အတွင်း ပြည်ပနိုင်ငံပေါင်း ၃၀ ကျော်သို့ စစ်လက်နက်ပစ္စည်းများ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ရုရှားသမ္မတ ပူတင် က ပြောကြားထားသည်။ ရုရှားစစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီများအနေဖြင့် ပြည်ပပို့ကုန်ကဏ္ဍမှတစ်ဆင့် နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံကျော် ရှာဖွေပေးနိုင်ခဲ့ကြောင်း ရုရှားသမ္မတ ပူတင် က ပြည်ပနိုင်ငံများနှင့် စစ်ရေးနည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်အစည်းအဝေး၌ ထုတ်ဖော်ပြောကြားထားသည်။ ရုရှားသမ္မတ ပူတင် ၏အဆိုအရ ရုရှားစစ်လက်နက်ကုမ္ပဏီများ၏ ဈေးကွက်မှာ အာဖရိကတိုက်တွင်လည်း ကျယ်ပြန့်လာနိုင်သည်။ အထူးသဖြင့် ရုရှားနိုင်ငံလုပ် စစ်လက်နက်ပစ္စည်းများကို အာဖရိကနိုင်ငံများက စိတ်ဝင်စားနေ ကြောင်း ရုရှားသမ္မတ ပူတင် က ထုတ်ဖော်ပြောကြားထားသည်။ ရုရှားနိုင်ငံသည် အာဖရိကနိုင်ငံများနှင့် ဆက်ဆံရေးမြှင့်တင်နေပြီး အထူးသဖြင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှု နယ်ပယ် ဆက်ဆံရေးတို့ကို မြှင့်တင်ရန်ကြိုးစားလျက်ရှိကြောင်း သိရသည်။