ဗင်နီဇွဲလားကဲ့သို့အခြေအနေမျိုး ကျူးဘားတွင် ဖြစ်လာမည်မဟုတ်ဟု ရုရှားသံအမတ်ပြော
31 Jan
ဗင်နီဇွဲလားနိုင်ငံတွင် ဖြစ်ပွားနေသည့် နိုင်ငံရေးအကျပ်အတည်းနှင့် ပဋိပက္ခကဲ့သို့ အခြေအနေမျိုး ကျူးဘား နိုင်ငံတွင် ဖြစ်လာမည်မဟုတ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီးက ဇန်နဝါရီလ ၃ဝ ရက်တွင်ပြောသည်။ ကျူးဘားနိုင်ငံ၏ တည်ငြိမ်မှုအခြေအနေနှင့်ပတ်သက်၍ သတင်းထောက်များကမေးမြန်းရာ ရုရှားသံအမတ် ကြီး ဗက်ဆီလီနီ ဘန်ဇီယာ က ကျူးဘားသည် ဗင်နီဇွဲလားနှင့် ကွဲပြားသောအခြေအနေတွင်ရှိနေကြောင်း ပြန်ဖြေခြင်း ဖြစ်သည်။ ထို့ပြင် ကျူးဘားအစိုးရသည် နိုင်ငံအတွင်း ခိုင်မာသောထောက်ခံမှုနှင့် တည်ငြိမ်သောအုပ်ချုပ်ရေးယန္တရား ရှိနေသဖြင့် ပြင်ပမှ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဗင်နီဇွဲလားကဲ့သို့အခြေအနေမျိုး ဆိုက်ရောက်မည်မဟုတ် ကြောင်း ၎င်းကဆက်ပြောသည်။ အမေရိကန်က ကျူးဘားအပေါ် ပိတ်ဆို့မှုများတင်းကျပ်ခြင်းက တင်းမာမှုကိုသာ မြင့်တက်စေကြောင်း ရုရှားသံအမတ်ကြီးက ဝေဖန်ထားသည်။
31 Jan