ကိုးလ်ပယ်မာ ကိုရောင်းချရန် အစီအစဉ်မရှိကြောင်း ချဲလ်ဆီးအသင်းနည်းပြ ရို့စီနီယာ ပြောကြား

30 Jan

ချဲလ်ဆီးအသင်းနည်းပြ ရို့စီနီယာ က အသင်းမှ အဓိကကွင်းလယ်ကစားသမား ကိုးလ်ပယ်မာ ကိုရောင်းချရန် အစီအစဉ်မရှိဘူးလို့ ပြောကြားခဲ့ကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ကိုးလ်ပယ်မာ အနေနဲ့ ချဲလ်ဆီးအသင်းတွင် အဆင်မပြေဖြစ်နေခဲ့လို့ ဇာတိမြေဖြစ်သည့် မန်ချက်စတာမြို့ခံ မန်ယူအသင်းထံသို့ ပြောင်းရွှေ့ကစားရန်ပြင်ဆင်နေကြောင်း သတင်းများထွက်ပေါ်ခဲ့တာကြောင့် နည်းပြ ရို့စီနီယာ က အဆိုပါသတင်းများနှင့်ပတ်သက်ပြီး တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ နည်းပြ ရို့စီနီယာ က ကိုးလ်ပယ်မာ နဲ့ပတ်သက်ပြီး ထွက်ပေါ်နေတဲ့သတင်းတွေက အခြေအမြစ်မရှိဘဲ ကိုးလ်ပယ်မာ အနေနဲ့ အသင်းမှာ အဆင်ပြေနေကြောင်းနဲ့ သူက အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်လို့ ရောင်းချဖို့အစီအစဉ်မရှိပါကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ ကိုးလ်ပယ်မာ အနေနဲ့ မန်ယူအသင်းက ငယ်စဉ်ကတည်းက အားပေးခဲ့တဲ့ အသင်းတစ်သင်းဖြစ်ကြောင်း အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ပြီးနောက် မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားရန် သတင်းများထွက်ပေါ်နေခြင်း ဖြစ်ပါတယ်။ ကိုးလ်ပယ်မာ ဟာ ချဲလ်ဆီးအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းနှင့်အတူ ခြေစွမ်းကောင်းပြသကာ အဓိက ကစားသမားအဖြစ် ရပ်တည်နေသော်လည်း ယခုနှစ်ဘောလုံးရာသီတွင် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်နေရတာဖြစ်ပါတယ်။(NVS 008)

30 Jan

ADVERTISE HERE .