နယူးကာဆယ်အသင်းက ဇူးမား ကို ခေါ်ယူရန်စီစဉ်
30 Jan
ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အသင်းက အသင်းလက်မဲ့ဖြစ်နေသော ဝါရင့်နောက်ခံကစားသမား ဇူးမား ကိုခေါ်ယူရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။ အသက် ၃၁ နှစ်အရွယ် နောက်ခံကစားသမား ဇူးမား အနေနဲ့ ကစားသမားဘဝတစ်လျှောက် အဲဗာတန်၊ စတုတ်စီးတီး၊ ဝက်စ်ဟမ်း၊ ချဲလ်ဆီး၊ စိန့်အက်တီယန်း၊ CFR Cluj စသည့် ကလပ်အသင်းများတွင် ကစားခဲ့ပြီး အတွေ့ အကြုံရှိသည့် ကစားသမားတစ်ဦးဖြစ်ခြင်းကြောင့် နယူးကာဆယ်အသင်းက ခေါ်ယူရန် စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။ နောက်ခံကစားသမား ဇူးမား ကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်သို့ ပြန်လည်လာရောက်၍ ကစားလိုကြောင်း ထုတ်ဖော်ပြောကြားထားခဲ့ပါတယ်။(NVS 008)
30 Jan