ထရာအိုရေး ကိုခေါ်ယူခဲ့တဲ့ ဝက်စ်ဟမ်းအသင်း
30 Jan
ဝက်စ်ဟမ်းအသင်းက ဖူလ်ဟမ်အသင်း တောင်ပံကစားသမား ထရာအိုရေး ကို ခေါ်ယူခဲ့ကြောင်း အတည်ပြု ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အသက် ၃ဝ အရွယ် တောင်ပံကစားသမား ထရာအိုရေး က ဖူလ်ဟမ်အသင်းနှင့်အတူ ၂ဝ၂၃-၂၀၂၄ ရာသီမှ လက်ရှိဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၇၉ ပွဲကစား ပြီး လေးဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းရဲ့ ထုတ်ပြန်ချက်တွင် ထရာအိုရေး ကို ခေါ်ယူနိုင်ခဲ့ပြီး သူ့အနေနဲ့ အသင်းအပေါ် များစွာအထောက်အကူ ပြုနိုင်လိမ့်မယ်လို့ ယုံကြည်ပါကြောင်းနှင့် ဝက်စ်ဟမ်းအသင်းအနေနဲ့ လက်ရှိဈေးကွက် အတွင်း ကစားသမားသစ်များကို ထပ်မံခေါ်ယူအားဖြည့်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။(NVS 008)
30 Jan