ခြေကျင်းဝတ်ဒဏ်ရာကြောင့် နှစ်လနီးပါးခန့် အနားယူရဖွယ်ရှိတဲ့ တိုင်လေမန်းစ်
30 Jan
အက်စတွန်ဗီလာအသင်း ကွင်းလယ်ကစားသမား တိုင်လေမန်းစ် ဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် နှစ်လ နီးပါးခန့် အနားယူရဖွယ်ရှိနေပါတယ်။ ကွင်းလယ်ကစားသမား တိုင်လေမန်းစ် အနေနဲ့ အက်စတွန်ဗီလာအသင်းက နယူးကာဆယ်အသင်းကို နှစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပါတယ်။ တိုင်လေမန်းစ် ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်ခဲ့ရခြင်းက အက်စတွန်ဗီလာအသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ရပ် ဖြစ်လာခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ် တိုင်လေမန်းစ် ဟာ အက်စတွန်ဗီလာအသင်းနှင့်အတူ ၂ဝ၂၃-၂ဝ၂၄ မှ လက်ရှိ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၁၂၁ ပွဲ ကစားကာ ကိုးဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။(NVS 008)
30 Jan