ထရမ့် က အီရန်အပေါ် ကြီးမားသောတိုက်ခိုက်မှုအသစ် လုပ်ဆောင်ရန်စဉ်းစားနေသည်ဟု သတင်းဖော်ပြခံရ
30 Jan
အမေရိကန်သမ္မတ ထရမ့် က အီရန်အပေါ် ကြီးမားသောတိုက်ခိုက်မှုအသစ် လုပ်ဆောင်ရန်စဉ်းစားနေသည် ဟု အမေရိကန် CNN သတင်းဌာနက ဇန်နဝါရီလ ၂၈ ရက်တွင် သတင်းဖော်ပြခဲ့သည်။ ထရမ့် စဉ်းစားနေသည့် ရွေးချယ်ချက်များတွင် အီရန်အကြီးအကဲနှင့် လုံခြုံရေးအရာရှိများအား လေကြောင်း တိုက်ခိုက်ခြင်းနှင့် အီရန် နျူကလီးယားအဆောက်အဦနှင့် အစိုးရအဖွဲ့အစည်းများအား တိုက်ခိုက်ခြင်းတို့ ပါဝင် ကြောင်း၊ သို့သော် နောက်ဆုံး ဆုံးဖြတ်ချက်ကို မချရသေးကြောင်း၊ အမေရိကန်ရေတပ် Abraham Lincoln လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုအား သက်ဆိုင်ရာဒေသ၌ ဖြန့်ကြက်နေရာချထားပြီးနောက် ၎င်း၏ စစ်ရေး ရွေးချယ်ချက်အတိုင်းအတာသည် တိုးချဲ့လာပြီဖြစ်ကြောင်းသတင်းတွင် သတင်းအရင်းအမြစ်၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြထားသည်။ အဆိုပါသတင်းတွင် အမေရိကန်အစိုးရ အရာရှိတစ်ဦး၏ ပြောကြားချက်ကိုလည်း ကိုးကား၍ အမေရိကန် စစ်တပ်သည် အရှေ့အလယ်ပိုင်းဒေသ၌ အမေရိကန်စစ်တပ်များ အီရန်၏ လက်တုံ့ပြန်မှုခံရခြင်းအား ကာကွယ်ရန် အတွက် ထိုဒေသ၌ Patriot ပဲ့ထိန်းဒုံးကျည် ကာကွယ်ရေးစနစ်အပါအဝင် လေကြောင်းကာကွယ်ရေးစနစ်အား အဆက်မပြတ် ဖြန့်ကြက်နေရာချထားခဲ့ကြောင်း၊ ထို့ပြင် အမေရိကန်က အရှေ့အလယ်ပိုင်းဒေသ၌ THAAD ပဲ့ထိန်း ဒုံးကျည် ကြားဖြတ်ဟန့်တားရေးစနစ် တစ်စုံ သို့မဟုတ် အစုံများစွာ ဖြန့်ကြက်နေရာချထားရန် စီစဉ်နေကြောင်း၊ ထိုမတိုင်မီ အမေရိကန်နှင့် အီရန်သည် အီရန်နျူကလီးယားအစီအစဉ်နှင့် ပဲ့ထိန်းဒုံးကျည်ထုတ်လုပ်မှုအား ကန့်သတ်ရန်အတွက် ဆွေးနွေးညှိနှိုင်းမှုသည် တိုးတက်မှုမရရှိခဲ့ကြောင်း ဖော်ပြထားသည်။ (Repost from Xinhua Myanmar)