“အမေရိကန်နှင့်ဆွေးနွေးမှု၌ ကျော်လွန်ခွင့်မပြုနိုင်သော မျဉ်းနီများရှိကြောင်း ဂရင်းလန်း သတိပေး”

30 Jan

အမေရိကန်ပြည်ထောင်စုနှင့်ပြုလုပ်မည့် ဆွေးနွေးမှုများတွင် အချုပ်အခြာအာဏာနှင့် အကျိုးစီးပွား အတွက် ကျော်လွန်ခွင့်မပြုနိုင်သော မျဉ်းနီများရှိကြောင်း ဂရင်းလန်းအစိုးရက ဇန်နဝါရီလ ၂၉ ရက်တွင် သတိပေး စကားပြောသည်။ အာတိတ်ဒေသ၏ မဟာဗျူဟာမြောက် အရေးပါမှုမြင့်တက်လာခြင်းနှင့်အတူ အမေရိကန်က ဂရင်းလန်းနှင့် စစ်ဘက်၊ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်ကြိုးပမ်းစဉ် ဂရင်းလန်းအစိုးရက ယခုကဲ့သို့ ထုတ်ဖော်ပြောခြင်းဖြစ်သည်။ ဂရင်းလန်းတာဝန်ရှိသူများ၏အဆိုအရ ၎င်းတို့အနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိသော်လည်း ဂရင်းလန်း၏သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ပြည်သူများ၏အခွင့်အရေးနှင့် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်များကို ထိခိုက်စေမည့် မည်သည့်သဘောတူညီချက်မျိုးကိုမဆို လက်ခံမည်မဟုတ်ကြောင်း ပြောထားသည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

30 Jan

ADVERTISE HERE .