“အမေရိကန် က အီရန်နိုင်ငံကို လက်ဦးမှုယူ ကြိုတင်တိုက်ခိုက်နိုင်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော”

30 Jan

အမေရိကန်နိုင်ငံအနေဖြင့် အီရန်နိုင်ငံကို ကြိုတင်လက်ဦးမှုယူ တိုက်ခိုက်မှုပြုလုပ်နိုင်သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က ဇန်နဝါရီလ ၂၈ ရက်တွင်ပြောသည်။ ဒေသအတွင်းရှိ အမေရိကန်တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာနှင့် အဆောက်အအုံများအပေါ်တိုက်ခိုက်မည့် အီရန်နိုင်ငံ၏ အစီအစဉ်များကို ကြိုတင်ကာကွယ် တားဆီးရန် စစ်ရေးအရအသင့်ပြင်ထားသင့်သည်ဟု အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ကြားနာပွဲတစ်ခု တွင် ရူဘီယို က ပြောသည်။ အီရန်သည် လက်ရှိတွင် အရင်ကထက် ပိုမိုအားနည်းနေသော်လည်း တာဝေးပစ် ဒုံးကျည် ထောင်ပေါင်းများစွာကို စုဆောင်းထားကြောင်း ၎င်းကသတိပေးထားသည်။ သို့သော် အုပ်ချုပ်ရေးယန္တရားကို ပြောင်းလဲရန်ကြိုးပမ်းမှုမှာ ဗင်နီဇွဲလားနိုင်ငံထက် ပိုမိုရှုပ်ထွေးနိုင်ကြောင်း မာကိုရူဘီယို က ဝန်ခံထားသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်နိုင်ငံအပေါ် စစ်ရေးအရခြိမ်းခြောက်မှုများ တိုးမြှင့်လုပ်ဆောင် နေပြီး လေယာဉ်တင်သင်္ဘောအပါအဝင် တိုက်ခိုက်ရေးစစ်ရေယာဉ်အုပ်ကို အရှေ့အလယ်ပိုင်းဒေသသို့ စေလွှတ် ထားပြီးဖြစ်သည်။ အီရန်နိုင်ငံ၌ စီးပွားရေးကျပ်တည်းမှုကို အကြောင်းပြု၍ ဆန္ဒပြမှုများဖြစ်ပွားနေပြီး ယင်းဆန္ဒပြမှု များအတွင်း လူ ၃,ဝဝဝ ကျော် သေဆုံးရမှုအပေါ် အမေရိကန်နှင့်အစ္စရေးတို့က လှုံ့ဆော်နေခြင်းဖြစ်ကြောင်း အီရန်အစိုးရက စွပ်စွဲထားသည့်အပြင် အမေရိကန်၏ တိုက်ခိုက်မှုများကို ချေမှုန်းသွားမည်ဟု သတိပေးထားသည်ဟု RT သတင်းဌာနဖော်ပြချက်အရ သိရသည်။

30 Jan

ADVERTISE HERE .