"Dark Chocolate စားခြင်းရဲ့ ကောင်းကျိုးတွေ"

29 Jan

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ Dark Chocolate စားခြင်းရဲ့ ကောင်းကျိုးတွေအကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ Dark Chocolate စားပေးခြင်းဖြင့် ဦးနှောက်ရဲ့ လုပ်ဆောင်ရည်ကို တိုးတက်လာနိုင်လို့ပဲ ဖြစ်ပါတယ်။ မှတ်ဉာဏ်ကိုလည်း တိုးစေပါတယ်။ အာရုံစူးစိုက်မှုကိုလည်း ပိုပြီးကောင်းစေပါတယ်။ ဉီးနှောက်အတွင်း သွေးစီးဝင်မှုကိုလည်း အားကောင်းစေပါတယ်။ အကြောအားနည်းပြီး ခြေလက်တုန်သော ရောဂါဖြစ်တဲ့ Parkinson’s Diseaseနဲ့ ဦး‌နှောက် ပုံမှန်အလုပ်မလုပ်နိုင်တော့ဘဲ မှတ်ဉာဏ် ချို့ယွင်းခြင်း၊ ပီသစွာ စကားမပြော နိုင်တော့ခြင်းစတာတွေ ဖြစ်ပွားသော ရောဂါတစ်မျိုးဖြစ်တဲ့ Alzheimer’s Disease တွေမဖြစ်အောင်လည်း ကာကွယ် ပေးနိုင်ပါတယ်။ အသက်အရွယ်အိုမင်းလာလို့ ဖြစ်လေ့ရှိတဲ့ မှတ်ဉာဏ်အား လျော့ကျလာမှုကိုလည်း ကာကွယ်ပေးနိုင် ပါတယ်။ စိတ်နဲ့ပတ်သက်ရင်လည်း Magnesium ပါဝင်လို့လည်း နာကျင်မှုနဲ့ စိတ်ဖိစီးမှုတွေကို လျော့ကျစေ ပါတယ်။ အဲဒါကြောင့် စိတ်ကျရောဂါ ခံစားနေရတဲ့ သူတွေအနေနဲ့ Dark Chocolate ကို စားပေးသင့်ပါတယ်။ Dark Chocoloate ဟာဆိုရင် နှလုံးရောဂါ ဖြစ်ပွားနိုင်ချေကိုလည်း လျှော့ချပေးနိုင်ပါသေးတယ်။ သွေးထဲမှာ သကြားဓာတ်ကိုထိန်းပေးတဲ့ insulin ဟော်မုန်း ကိုလည်း တိုးထုတ်စေနိုင်တဲ့အတွက် ဆီးချိုရောဂါ ကိုလည်း ကာကွယ်ပေး၊ ထိန်းပေးနိုင်ပါတယ်။ Dark Chocolate မှာက Caffeine တော့ ပါဝင်ပေမဲ့ coffee မှာ ပါဝင်မှုနဲ့ နှိုင်းယှဉ်ရင် ပမာဏအရမ်းနည်းတာဖြစ်လို့ ညအချိန်မှာ အိပ်မပျော်တာမျိုးကိုလည်း မဖြစ်စေပါဘူး။ အဲဒါကြောင့် သင့်တော်တဲ့ ပမာဏတစ်ခုကိုပဲ နေ့စဉ် စားသုံးပေးသင့် ပါတယ်။

29 Jan

ADVERTISE HERE .