ကုန်ဈေးနှုန်းသတင်း ၂၉.၁.၂၀၂၆
29 Jan
ဇန်နဝါရီလ ၂၉ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ ဆက်တိုက် မြင့်တက်နေပြီး ကြက်သွန်နီဈေးကတော့ အနည်းငယ် ကျဆင်းလာပါတယ်။ ထန်းလျက်၊ သကြားနဲ့ အခြားပဲအများစုဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ ကြက်သွန်ဖြူဈေးကတော့ ဆက်တိုက် ကျဆင်းနေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်း ကို ၉၈,၀၀၃ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၀၈,၆၁၁ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၄,၉၆၅ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ ပဲစင်းငုံနီ တစ်ပိဿာကို ၁၀၈,၀၃၂ ကျပ်၊ ပဲတီစိမ်း (ဝါးခယ်မ) တစ်ပိဿာကို ၆,၂၅၀ ကျပ်ကနေ ၈,၀၂၀ ကျပ်၊ ပဲလွန်းဖြူ(ပဲခူး/မြစ်ဝကျွန်းပေါ်) တစ်ပိဿာကို ၄,၀၈၀ ကျပ်ကနေ ၄,၃၃၅ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၄,၀၈၀ ကျပ်ကနေ ၄,၂၅၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၁၀,၄၄၀ ကျပ်ကနေ ၁၀,၆၂၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၃,၃၃၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၀၀၀ ကျပ်ကနေ ၃,၅၀၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၅,၀၀၀ ကျပ်ကနေ ၁၆,၆၇၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၄၃၀ ကျပ်ကနေ ၁,၄၅၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၅၀၀ ကျပ်ကနေ ၅,၉၀၀ ကျပ်၊ ပဲပုပ်မြစ်ဝ ကျွန်းပေါ်(ဆီတိုး/ အထွက်တိုး) တစ်ပိဿာကို ၆,၅၀၀ ကျပ်ကနေ ၆,၈၃၅ ကျပ်၊ ကြက်သွန်နီ(မြင်းခြံ) တစ်ပိဿာကို ၁,၄၀၀ ကျပ်ကနေ ၂,၁၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာကို ၁၁,၀၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၃,၉၀၀ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ မန်ကျည်းသီး(အသား) တစ်ပိဿာကို ၇,၅၀၀ ကျပ်ကနေ ၁,၀၀၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၄၅၀ ကျပ်ကနေ ၃,၈၀၀ ကျပ်၊ အာလူး(တရုတ်) တစ်ပိဿာကို ၅,၀၀၀ ပုစွန်ခြောက်(မြိတ်ပုစွန်) တစ်ပိဿာကို ၈၀,၀၀၀ ကျပ်ကနေ ၁၅၀,၀၀၀ ကျပ်၊ ငါးရံ့ခြောက် တစ်ပိဿာကို ၅၅,၀၀၀ ကျပ်ကနေ ၉၀,၀၀၀ ကျပ်၊ ငါးကွမ်းရှပ် တစ်ပိဿာ ကို ၂၀,၀၀၀ ကျပ်ကနေ ၃၅,၀၀၀ ကျပ် နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၃၅ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၀၂၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၁၈၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၃၂၅ ကျပ်၊ မန္တလေးမှာ ၂,၄၃၅ ကျပ်၊ နေပြည်တော်မှာ ၂,၄၀၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၃၆၀ ကျပ်၊ မန္တလေးမှာ ၂,၄၇၅ ကျပ်၊ နေပြည်တော်မှာ ၂,၄၄၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၂၈၅ ကျပ်၊ မန္တလေးမှာ ၂,၃၉၅ ကျပ်၊ နေပြည်တော်မှာ ၂,၃၆၀ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၅၉၅ ကျပ်၊ မန္တလေးမှာ ၂,၇၁၀ ကျပ်၊ နေပြည်တော်မှာ ၂,၆၇၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၆,၀၀၀,၀၀၀ိ/-) ခြောက်ဆယ် တစ်သိန်းကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၁၁,၈၀၀,၀၀၀ိ/-) တစ်ဆယ် တစ်သိန်း ရှစ်သောင်း ကျပ် ရှိနေတယ်လို့ သိရပါတယ်။