“ဗင်နီဇွဲလားစစ်ဆင်ရေး၌ လျှို့ဝှက်လက်နက်တစ်မျိုးကို အသုံးပြုခဲ့ဟု ဒေါ်နယ်ထရမ့် ထုတ်ပြော”

26 Jan

ဇန်နဝါရီလအစောပိုင်းတွင် ဗင်နီဇွဲလားနိုင်ငံ၌ လုပ်ဆောင်ခဲ့သော စစ်ဆင်ရေးတွင် လျှို့ဝှက်လက်နက် ဆန်းတစ်မျိုးကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဇန်နဝါရီလ ၂၄ ရက်တွင် ထုတ်ဖော်ပြောသည်။ အမေရိကန်တပ်ဖွဲ့များသည် ဗင်နီဇွဲလား၌ The Discombobulator ဟုခေါ်သည့် လက်နက်တစ်မျိုးကို အသုံးပြုခဲ့ပြီး အဆိုပါလက်နက်ကြောင့် ရန်သူ၏စစ်လက်နက်များ အလုပ်လုပ်နိုင်ခြင်း မရှိခဲကြောင်း၊ ယင်းလက်နက်အကြောင်းနှင့်ပတ်သက်၍ အချက်အလက်များကို ထုတ်ဖော်ပြောကြားခွင့် မပြုထာကြောင်း သမ္မတဒေါ်နယ်ထရမ့် က New York Post သတင်းဌာနနှင့် သီးသန့်အင်တာဗျူးတွင် ပြောထားခြင်း ဖြစ်သည်။ ဗင်နီဇွဲလား၌ လက်နက်အသုံးပြုခြင်းကို ၎င်းကိုယ်တိုင်ခွင့်ပြပေးလိုက်ခြင်း ဖြစ်ကြောင်း၊ ဗင်နီဇွဲလား စစ်ဘက်အနေဖြင့် ဒုံးကျည်တစ်စင်းမျှကိုပင် ပစ်လွှတ်နိုင်ခြင်းမရှိကြောင်း၊ ထို့နောက် အမေရိကန်တပ်ဖွဲ့များက ဗင်နီဇွဲလားသို့ အလွယ်တကူ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဗင်နီဇွဲလားတို့အနေဖြင့် ပစ်ခတ်ရေးခလုတ်များကို နှိပ်သော်လည်း မည်သည့်အရာမျှ ဆက်မဖြစ်လာကြောင်း ထရမ့် က ပြောသည်။ ဗင်နီဇွဲလားသမ္မတ နီကိုးလပ် မာဒူရို ကို အမေရိကန်တပ်ဖွဲ့များက ဝင်ရောက်ဖမ်းဆီးချိန်တွင် ဗင်နီဇွဲလား တပ်ဖွဲ့ဝင်များမှာ နှာခေါင်းသွေးလျှံခြင်း၊ သွေးအန်ခြင်းတို့ ဖြစ်ပွားပြီး ဒူးထောက်ကျသွားကြောင်းနှင့် ထိုအချိန်တွင် ရေဒါစနစ်များအားလုံး ရုတ်တရက်ပိတ်သွားကြောင်း ထိုတပ်ဖွဲ့ဝင်များကပြောထားသည်ဟု New York Post သတင်းဌာနဖော်ပြချက်အရ သိရသည်။

26 Jan

ADVERTISE HERE .