ဥရောပမိတ်ဖက်များအပေါ် ကာကွယ်မည်ဟူသော ကတိပြုမှုကို အမေရိကန်လျှော့ချ

25 Jan

အမေရိကန်နိုင်ငံသည် ဥရောပမိတ်ဖက်များအပေါ် ကာကွယ်မည်ဟူသော ကတိပြုမှုကို လျှော့ချ လိုက်ကြောင်း သိရသည်။ အမေရိကန်နိုင်ငံအနေဖြင့် ကိုယ့်နိုင်ငံကာကွယ်ရေးကိုသာ ဦးစားပေးသွားမည်ဖြစ်ပြီး ဥရောပမဟာမိတ်များအတွက် ကန့်သတ်ချက်ရှိသော ထောက်ပံ့မှုများသာ ပေးအပ်တော့မည်ဖြစ်ကြောင်း ပင်တဂွန်က ထုတ်ပြန်ထားသည်။ ထုတ်ပြန်လိုက်သည့် ပြန်လည်ပြင်ဆင်ထားသော အမျိုးသားကာကွယ်ရေးမဟာဗျူဟာတွင် ဥရောပ NATO အဖွဲ့ဝင်နိုင်ငံများသည် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရေး၊ ယူကရိန်းသို့ စစ်ရေးအကူအညီပေးအပ်ရေး ကဏ္ဍများ၌ အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရမည်ဟု ဖော်ပြထားသည်။ အမေရိကန်က ဥရောပနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်သော်လည်း ကိုယ့်နိုင်ငံကို ကာကွယ်နိုင်ရေးကိုသာ ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါစာတမ်းတွင် ဖော်ပြထားသည်။ ထို့ကြောင့် ဥရောပ၏ ကာကွယ်ရေးကိစ္စရပ်များအတွက် NATO မဟာမိတ်များကသာ အဓိကတာဝန်ယူ ဆောင်ရွက်ရန် တိုက်တွန်းထားပြီး ယူကရိန်းပဋိပက္ခ ပြီးဆုံးရေးသည်လည်း ဥရောပ၏တာဝန်သာဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ ပြောဆိုချက်ကိုကိုးကား၍ ကာကွယ်ရေးစာတမ်းတွင်ဖော်ပြထားသည်။

25 Jan

ADVERTISE HERE .