အီရန်တိုက်ခိုက်ခံရလျှင် ဒေသတွင်းရှိ အမေရိကန်ရင်းနှီးမြှုပ်နှံမှုများ ပစ်မှတ်ထားခံရမည်

24 Jan

အီရန်သည် အမေရိကန်၏ တိုက်ခိုက်ခြင်းကိုခံရပါက အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ အမေရိကန်နှင့် ဆက်နွှယ်လျက်ရှိသော ရင်းနှီးမြှုပ်နှံမှုများ ပစ်မှတ်ထားခံရမည်ဖြစ်ကြောင်း ဩဇာညောင်းသည့် အီရန်ဘာသာရေး ခေါင်းဆောင်တစ်ဦးက ဇန်နဝါရီလ ၂၃ ရက်တွင် သတိပေးသည်။ အီရန်ဘာသာရေးခေါင်းဆောင် အက္ကဘာရီ က အမေရိကန်၏ ဒေသတွင်းရင်းနှီးမြှုပ်နှံထားသည့် ဒေါ်လာ တစ်ထရီလီယံခန့်မှာ အီရန်ဒုံးကျည်များ၏ စောင့်ကြည့်မှုအောက်တွင်ရှိနေကြောင်း ပြောထားသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အမေရိကန်၏ စစ်ရေယာဉ်စုသည် အီရန်နိုင်ငံသို့ ဦးတည် ခုတ်မောင်းလာပြီဖြစ်သည်ဟု ဇန်နဝါရီလ ၂၂ ရက်တွင် ပြောပြီးနောက် ယခုကဲ့သို့တင်းမာမှုများ မြင့်တက်လာခြင်း ဖြစ်သည်။ ထရမ့် က ၎င်းအနေဖြင့် ထိုစစ်အင်အားကို အသုံးပြုရမည်ဟု မမျှော်လင့်ထားသော်လည်း ဆန္ဒပြသူများကိုချေမှုန်းခြင်း သို့မဟုတ် နျူကလီးယားအစီအစဉ် ပြန်လည်စတင်ခြင်း မပြုလုပ်ရန် အီရန်အစိုးရကို ထပ်လောင်းသတိပေးထားသည်။

24 Jan

ADVERTISE HERE .