ခြေခုံရိုးကျိုးသည့်ဒဏ်ရာကြောင့် သုံးလခန့်အနားယူရဖွယ်ရှိတဲ့ ဂရီးလစ်

23 Jan

အဲဗာတန်အသင်း အဓိကတိုက်စစ်ကစားသမား ဂရီးလစ် အနေနဲ့ ခြေခုံရိုးကျိုးဒဏ်ရာကြောင့် သုံးလခန့် အနားယူရဖွယ်ရှိကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလက မန်စီးတီးအသင်းမှ အဲဗာတန်အသင်းထံသို့ တစ်ရာသီ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ကစားနေတဲ့ ဂရီးလစ် ဟာ လက်ရှိဘောလုံးရာသီမှာ အဲဗာတန်အသင်းနှင့်အတူ ခြေစွမ်းကောင်းပြလျက်ရှိပြီး အဓိက ကစားသမားတစ်ဦးအဖြစ် ရပ်တည်နေသူဖြစ်ပါတယ်။ အဲဗာတန်အသင်းရဲ့ အသင်းလေ့ကျင့်ရေးအစီအစဉ်တွင် ခြေခုံရိုးကျိုးသည့် ဒဏ်ရာရရှိပြီးနောက် ကာလ အတန်ကြာ အနားယူရဖို့ရှိနေပါတယ်။ ခြေခုံရိုးကျိုးဒဏ်ရာနှင့်ပတ်သက်ပြီး လာမည့်ရက်ပိုင်းအတွင်း အသေးစိတ် ဆေးစစ်မှုများ လုပ်ဆောင်မှာဖြစ်ပြီး ခွဲစိတ်ကုသရန်အခြေအနေကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဂရီးလစ် ဟာ မန်စီးတီးအသင်းမှာ ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရသော်လည်း အဲဗာတန်အသင်း၌ ခြေစွမ်းကောင်းပြသလျက်ရှိပါတယ်။ လက်ရှိဘောလုံးရာသီ ပြိုင်ပွဲစုံ ၂၂ ပွဲကစားပြီးချိန်တွင် နှစ်ဂိုးသွင်းယူကာ ဂိုးဖန်တီးမှုခြောက်ကြိမ် ပြုလုပ်ထားပြီး ဂိုးဖန်တီးမှုအများဆုံးစာရင်းတွင် တတိယနေရာ၌ ရပ်တည်နေကြောင်း သိရပါတယ်။(NVS 008)

23 Jan

ADVERTISE HERE .