ဒီဇင်ဘာလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံး ကစားသမားဆုရရှိခဲ့တဲ့ ကယ်လ်ဗတ်လီဝင်
23 Jan
လိဒ်စ်အသင်းတိုက်စစ်မှူး ကယ်လ်ဗတ်လီဝင် က ဒီဇင်ဘာလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ကြောင်း သိရပါတယ်။ ကယ်လ်ဗတ်လီဝင် ဟာ ဒီဇင်ဘာလအတွင်း ပရီးမီးယားလိဂ် ငါးပွဲယှဉ်ပြိုင်ကစားရာတွင် ခြောက်ဂိုးသွင်းယူပြီး ခြေစွမ်းပြခဲ့ခြင်းကြောင့် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပါတယ်။ အသက်၂၈ နှစ်အရွယ် ကယ်လ်ဗတ်လီဝင် ဟာ ၂၀၂၀-၂၀၂၁ ရာသီတွင် ပရီးမီးယားလိဂ်လအလိုက် အကောင်းဆုံးကစားသမားဆုကို နောက်ဆုံးရရှိခဲ့ခြင်းဖြစ်ပြီး ခြောက်နှစ်ကြာ ပြီးမှ အဆိုပါဆုကို ပြန်လည်ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် လိဒ်စ်ကစားသမားအဖြစ် ၂၀၀၁ ခုနှစ် အောက်တိုဘာက ရီယိုဖာဒီနန် ရရှိခဲ့ပြီးနောက်ပိုင်း ပထမဆုံး အကြိမ် ရယူနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။(NVS 008)
23 Jan