ပရော်ဖက်ရှင်နယ်သွင်းဂိုး ၉၆ဝ ပြည့်မြောက်ခဲ့တဲ့ စီရော်နယ်ဒို

23 Jan

ဆော်ဒီပရိုလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၇)အဖြစ်ကစားခဲ့တဲ့ ဒါမက်အသင်းနှင့် အယ်လ်နာဆာအသင်းတို့ ပွဲစဉ်တွင် အယ်လ်နာဆာအသင်း တိုက်စစ်မှူး စီရော်နယ်ဒို က အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပြီးနောက် ပရော်ဖက်ရှင်နယ် သွင်းဂိုး ၉၆၀ ပြည့်မြောက်ခဲ့ကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အယ်လ်နာဆာအသင်းက အဝေးကွင်းမှာ ဒါမက်အသင်းကို နှစ်ဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်တွင် စီရော်နယ်ဒို က ပွဲချိန် မိနစ် ၅၀ ၌ အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပြီးနောက် ပရော်ဖက်ရှင်နယ်သွင်းဂိုး ၉၆၀ ထိ ရှိလာခဲ့ပါတယ်။ စီရော်နယ်ဒို အနေနဲ့ ယခုနှစ်ဘောလုံးရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲ ၁၇ ပွဲတွင် ၁၆ ဂိုးသွင်းယူထားပြီး အယ်လ်အာလီအသင်း တိုက်စစ်မှူး တိုနေး ထက် နှစ်ဂိုးအသာဖြင့် သွင်းဂိုးအများဆုံး ကစားသမားစာရင်းတွင် ထိပ်ဆုံးမှ ဦးဆောင်နေပါတယ်။ စီရော်နယ်ဒို ဟာ ဘောလုံးလောကတွင် သွင်းဂိုး ၁,၀၀၀ ပြည့်မြောက်သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ရန် ကြိုးပမ်းနေပြီး ယခုအခါ သွင်းဂိုး ၉၆၀ ပြည့်မြောက်ခဲ့သဖြင့် သွင်းဂိုး ၁,၀၀၀ ပြည့်မြောက်ရန် နီးစပ်လာပြီးဖြစ်ပါတယ်။(NVS 008)

23 Jan

ADVERTISE HERE .