မန်စီးတီးနှင့်လမ်းခွဲပြီးနောက် နည်းပြအလုပ်မှ ဂွါဒီယိုလာ ခေတ္တအနားယူမည်

23 Jan

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ က အသင်းနှင့်လမ်းခွဲပြီးနောက် နည်းပြအလုပ်မှ ခေတ္တအနားယူမည် ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ ဂွါဒီယိုလာ အနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလတွင် မန်စီးတီးအသင်းနှင့် နှစ်နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားပြီး အဆိုပါစာချုပ်အရ ၂၀၂၇ ခုနှစ် နွေရာသီအထိ ဆက်ရှိနေမှာဖြစ်ပါတယ်။ ဂွါဒီယိုလာ ဟာ စာချုပ်ကုန်ဆုံးမည့် ၂၀၂၇ ခုနှစ်အထိ ဆက်လက်ကိုင်တွယ်ဖြစ်ပါက မန်စီးတီးအသင်း၌ ၁၁ နှစ်အထိ ရှိနေမည်ဖြစ်ပြီး နည်းပြသက်တမ်းတစ်လျှောက် အချိန်အကြာဆုံးကိုင်တွယ်သည့် အသင်းလည်းအဖြစ် မှတ်တမ်းဝင်မှာဖြစ်ပါတယ်။ ဂွါဒီယိုလာ က မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ပြည့်သွားခဲ့ပါက ဆက်လက်သက်တမ်းတိုးမှာမဟုတ်ဘဲ အချိန်ခဏတာ အနားယူသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဂွါဒီယိုလာ အနေနဲ့ မန်စီးတီးအသင်းကို ၂၀၁၆ ခုနှစ် ဇူလိုင်မှစ၍ တာဝန်ယူခဲ့ပြီး ကိုးနှစ်အတွင်း ပရီး မီးယားလိဂ်ချန်ပီယံ ခြောက်ကြိမ်၊ အက်ဖ်အေဖလား နှစ်ကြိမ်၊ လိဂ်ဖလား လေးကြိမ်၊ ကွန်မြူနတီဒိုင်း သုံးကြိမ်၊ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလားနှင့် ကလပ်ကမ္ဘာ့ဖလား တစ်ကြိမ် ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။(NVS 008)

23 Jan

ADVERTISE HERE .