ရီးရဲလ်မက်ဒရစ်အသင်းတွင် ဆက်ရှိနေရန် ဆန္ဒရှိတဲ့ ရိုဒရီဂို

23 Jan

ရီးရဲလ်မက်ဒရစ်အသင်း တိုက်စစ်ကစားသမား ရိုဒရီဂို က ပရီးမီးယားလိဂ်ထိပ်သီးများဖြစ်သည့် ချယ်လ်ဆီး နှင့် အာဆင်နယ်အသင်းတို့ရဲ့ စိတ်ဝင်စားခြင်းကို ခံနေရသော်လည်း ရီးရဲလ်အသင်းတွင် ဆက်နေရန်သာ ဆန္ဒရှိ နေကြောင်း သိရပါတယ်။ အသက်၂၄ နှစ်အရွယ် ဘရာဇီးလ်လက်ရွေးစင် တိုက်စစ်ကစားသမား ရိုဒရီဂို ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ရီးရဲလ်မက်ဒရစ်အသင်းတွင် ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ ၅၄ ပွဲတွင် ၁၄ ဂိုးသာ သွင်းယူနိုင်ခဲ့ကာ ယခုရာသီတွင်လည်း ပုံမှန်ခြေစွမ်းအောက်သို့ ရောက်ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်အသင်းက ရိုဒရီဂို ကို ရောင်းထုတ်ဖွယ်ရှိနေကြောင်း မီဒီယာများက ဖော်ပြ နေကြပြီး ၎င်းကိုခေါ်ယူရန် ပရီးမီးယားလိဂ်ထိပ်သီးများဖြစ်တဲ့ ချယ်လ်ဆီးနှင့် အာဆင်နယ်အသင်းတို့က အပြိုင် စိတ်ဝင်စားနေကြပါတယ်။ သို့သော် ရိုဒရီဂို က ရီးရဲလ်မက်ဒရစ်အသင်းမှ ထွက်ခွာလိုခြင်းမရှိဘဲ အသင်းတွင်သာ ဆက်ရှိနေဖို့ အသင်းတာဝန်ရှိသူများထံ အကြောင်းကြားထားကြောင်း သိရပါတယ်။(NVS 008)

23 Jan

ADVERTISE HERE .