“2026 Australian Open ရဲ့ ဒုတိယအဆင့်သို့ တက်ရောက်နိုင်ခဲ့တဲ့ ဆွီယာတက်ခ်”
23 Jan
ဩစတြေးလျနိုင်ငံမှာ ကျင်းပပြုလုပ်လျက်ရှိသော နာမည်ကျော် အမျိုးသမီးတင်းနစ်ပြိုင်ပွဲဖြစ်တဲ့ 2026 Australian Open တင်းနစ်ပြိုင်ပွဲ ဒုတိယအဆင့်သို့ ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ် တက်ရောက်ခဲ့ပါတယ်။ ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ် ဟာ 2026 Australian Open တင်းနစ်ပြိုင်ပွဲရဲ့ ပထမအဆင့်တွင် တရုတ်တင်းနစ်မယ် ရွယ်ရွမ်း (Yue Yuan) နဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး ဆွီယာတက်ခ် က ၇-၆၊ ၆-၃ ဖြင့် အနိုင်ရရှိကာ ဒုတိယ အဆင့်သို့ တက်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ 2026 Australian Open တင်းနစ်ပြိုင်ပွဲ ဒုတိယအဆင့်မှာ ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ် နှင့် ချက်တင်းနစ်မယ် ဘို့ဇ်ကိုဗာ တို့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။ (NVS 008)
23 Jan