“ဗီတာလီဂျန်နယ်လ် ကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့တဲ့ ဘရန့်ဖို့ဒ်အသင်း”
23 Jan
ဘရန့်ဖို့ဒ်အသင်းက အသင်းကွင်းလယ်ကစားသမား ဗီတာလီဂျန်နယ်လ် ကို ၂ဝ၃ဝ ပြည့်နှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ကြောင်း အတည်ပြု ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဆိုပါကွင်းလယ်ကစားသမားက ဘရန့်ဖို့ဒ်အသင်းနှင့်အတူ ၂၀၂၀-၂၀၂၁မှ ၂၀၂၅-၂ဝ၂၆ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၂၁၆ ပွဲကစားပြီး ၁၃ ဂိုး သွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် အသင်းကနေ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗီတာလီဂျန်နယ်လ် က အသင်းနဲ့အတူ အောင်မြင်မှုတွေလည်း ရယူသွားပြီး ကစားသမားဘဝ ကိုလည်း ဘရန့်ဖို့ဒ်အသင်းမှာပဲ ကုန်ဆုံးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ (NVS 008)
23 Jan