“ကလော်ဒီယို အီချီဗာရီ ကို အငှားစာချုပ်နဲ့ ခေါ်ယူခဲ့တဲ့ ဂျီရိုနာအသင်း”

23 Jan

ဂျီရိုနာအသင်း က မန်စီးတီးအသင်း ကွင်းလယ်ကစားသမား ကလော်ဒီယို အီချီဗာရီ ကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့ကြောင်း အတည်ပြုထုတ်ပြန်ကြေညာခဲ့ပါတယ်။ အသက် ၂ဝ နှစ်အရွယ် ကွင်းလယ်ကစားသမား အီချီဗာရီ က အသင်းကို များစွာအထောက် အကူပြုနိုင် လိမ့်မယ်လို့ ယုံကြည်ခြင်းကြောင့် ဂျီရိုနာအသင်းက အငှားဖြင့်ခေါ်ယူခဲ့ကြောင်း သိရပါတယ်။ ဂျီရိုနာအသင်း၏ ထုတ်ပြန်ချက်မှာ ကလော်ဒီယိုအီချီဗာရီ ကို အငှားစာချုပ်ဖြင့်ခေါ်ယူခဲ့ပြီးနောက် လက်ရှိဈေးကွက်အတွင်းမှာ ကစားသမားသစ်တွေကို ထပ်မံခေါ်ယူအားဖြည့်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ (NVS 008)

23 Jan

ADVERTISE HERE .