“ဩစတြေးလျအိုးပင်းတတိယအဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ ဂျိုကိုဗစ်”

23 Jan

ဩစတြေးလျအိုးပင်းပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဒုတိယအဆင့်အဖြစ် ကစားခဲ့တဲ့ပွဲမှာ ဂျိုကိုဗစ် က အီတလီနိုင်ငံသား မက်စတာရယ်လီ ကို ၃ ပွဲပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး တတိယအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်ရဲ့ ပွဲကစားချိန် ၂ နာရီနဲ့ ၁၅ မိနစ်အကြာမှာပဲ ဂျိုကိုဗစ် က မက်စတာရယ်လီ ကို ၆ : ၃၊ ၆ :၂၊ ၆ :၂ ဆိုတဲ့ရလဒ်နဲ့ အနိုင်ယူခဲ့တာဖြစ်ပြီး လာမယ့်အဆင့်ပွဲတွေမှာလည်း ဂျိုကိုဗစ် အနေနဲ့ ရလဒ်ကောင်းဖို့ မျှော်လင့်နေ ပါတယ်။ ဂရင်းစလမ်တစ်ဦးချင်း ချန်ပီယံဆုကို ၂၄ ကြိမ်ရထားတဲ့ ဂျိုကိုဗစ် ဟာ အခုနှစ်ဩစတြေးလျအိုးပင်းမှာ ၂၅ ခုမြောက် ချန်ပီယံဆုကိုရယူပြီး ဂရင်းစလမ်တစ်ဦးချင်း ချန်ပီယံဆု အများဆုံးရသူအဖြစ် စံချိန်တင်နိုင်ဖို့ မျှော်လင့်နေ ပါတယ်။ ဩစတြေးလျအိုးပင်းပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း တတိယအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီးနောက် ဂျိုကိုဗစ် က လာမယ့်အဆင့်တွေမှာ ခွန်အားကိုချွေတာသုံးဖို့ ပြင်ဆင်ရတော့မယ်လို့ ပြောကြားသွားခဲ့ပါတယ်။ (NVS 008)

23 Jan

ADVERTISE HERE .