“လာမယ့်နွေရာသီမှာ ကက်စ်စီမဲရိုနဲ့ လမ်းခွဲမယ်လို့ မန်ယူအသင်း အတည်ပြု”

23 Jan

မန်ယူအသင်းက လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဘရာဇီးလ်ကွင်းလယ်ကစားသမား ကက်စ်စီမဲရို ကို သက်တမ်းမတိုးတော့ဘဲ လမ်းခွဲတော့မယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။ အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ကက်စ်စီမဲရို ဟာ ၂၀၂၂ နွေရာသီမှာ ရီးရဲလ်အသင်းကနေ မန်ယူအသင်းကို ကနဦး ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ နဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ ကက်စ်စီမီရို ဟာ လက်ရှိအချိန်မှာ မန်ယူအသင်း အတွက် ပြိုင်ပွဲစုံ ၁၄၆ ပွဲကစားပြီး ၂၁ ဂိုး သွင်းယူပေးထားပေမယ့် ၄ နှစ်တာကာလအတွင်းမှာ ဆုဖလားအောင်မြင်မှု ကတော့ လိဂ်ဖလားတစ်လုံးနဲ့ FA ဖလားတစ်လုံးသာ ရယူနိုင်ခဲ့ပါတယ်။ မန်ယူအသင်းအနေနဲ့ ကက်စ်စီမဲရို ကို နောက်ထပ်တစ်နှစ် သက်တမ်းတိုးနိုင်တဲ့ သဘောတူညီချက် ရှိနေပေမယ့် ကွင်းလယ်ကို ကစားသမားသစ်တွေနဲ့ ပြင်ဆင်ဖွဲ့စည်းသွားဖို့ ရည်ရွယ်ထားတာကြောင့် ကက်စ်စီမဲရို ကို သက်တမ်း မတိုးတော့ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ (NVS 008)

23 Jan

ADVERTISE HERE .