“ကျူးဘားတွင် အစိုးရအပြောင်းအလဲဖြစ်စေရန် အမေရိကန်ကြံစည်နေဟုဆို”

23 Jan

အမေရိကန်အစိုးရသည် ယခုနှစ်ကုန်တွင် ကျူးဘားနိုင်ငံ၌ အစိုးရအပြောင်းအလဲဖြစ်စေရန် ကြံစည်နေ ကြောင်း၊ ယင်းကဲ့သို့ ပြောင်းလဲစေရန်အကူအညီပေးနိုင်မည့် ကျူးဘားအစိုးရအဖွဲ့မှအတွင်းလူများကို ရှာဖွေနေ ကြောင်း ယင်းကိစ္စနှင့်ပတ်သက်၍ သိရှိသည့်အမည်မဖော်လိုသူ အမေရိကန်တာဝန်ရှိသူများ၏ ပြောဆိုချက်ကို ကိုးကားကာ Wall Street Journal ကဖော်ပြထားသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏အစိုးရအဖွဲ့သည် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်မာဒူရို ကို ဖမ်းဆီးနိုင်မှုနှင့်ပတ်သက်၍ ဂုဏ်ယူဝင့်ကြွားနေကြောင်း၊ ကျူးဘားကို ထိန်းချုပ်နိုင်ရေးအတွက် ယင်းလုပ်ရပ်ကို အသေးစိတ်အစီအစဉ်တစ်ခုအဖြစ် မှတ်ယူထားကြောင်း သတင်းစာက ဆက်လက် ဖော်ပြထားသည်။ လက်ရှိတွင် ကျူးဘားနိုင်ငံ၏စီးပွားရေးအခြေအနေသည် ပြိုလဲလုနီးပါးဖြစ်နေပြီဖြစ်ပြီး ယင်းသို့သော အခြေအနေမျိုးကို ကျူးဘားအစိုးရအနေဖြင့် မည်သည့်အခါကမျှ မကြုံဖူးကြောင်း အမေရိကန်တာဝန်ရှိသူများက ပြောသည်။ ယခုအချိန်တွင် အမေရိကန်အစိုးရသည် ကျူးဘားနိုင်ငံကို ထိန်းချုပ်နိုင်ရေးအတွက် ခိုင်မာသည့် အစီ အစဉ်မရှိသေးသော်လည်း ကျူးဘားအစိုးရကိုဆန့်ကျင်လျက်ရှိသော ပြည်ပြေးများနှင့် အရပ်ဘက်အဖွဲ့အစည်း များကို တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်နေကြောင်း RT သတင်းဌာနဖော်ပြချက်အရသိရသည်။

23 Jan

ADVERTISE HERE .