“တစ်နှစ်ကို ရေနံစိမ်းတန်ချိန် ၃ သန်း ချက်လုပ်နိုင်တဲ့ ရေနံချက်စက်ရုံကို ၂၀၂၈ ခုနှစ်အတွင်းအပြီးတည်ဆောက်မည်”
23 Jan
မြန်မာ-တရုတ်ရေနံစိမ်းပိုက်လိုင်းမှ ရေနံစိမ်းရယူပြီး ရေနံစိမ်းတန်ချိန်နှစ်သန်း ချက်လုပ်နိုင်တဲ့ သံပရာကန် ရေနံချက်စက်ရုံစီမံကိန်းကို တရုတ်စွမ်းအင်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း သိရပါတယ်။ ရေနံချက်လုပ်ရာမှ ဘေးထွက်ပစ္စည်းအဖြစ် ထွက်ရှိလာမယ့် ကာဗွန်ဒိုင်အောက်ဆိုဒ်များကိုဖမ်းယူပြီး ရေခဲ ခြောက်(DRY ICE)များ ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်နေတာဖြစ်ပါတယ်။ အဆိုပါလုပ်ငန်းများ စီမံဆောင်ရွက်ခြင်းနဲ့ ရေခဲခြောက်တင်သွင်းနေရတဲ့ နိုင်ငံခြားငွေများ သက်သာသွားမှာဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် က ရေနံချက်စက်ရုံ(သန်လျင်)၌ စီမံကိန်းလုပ်ငန်းများကို သွားရောက်ကြည့်ရှုစဉ်မှာ ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ စက်ရုံသစ်တည်ဆောက်နေမှုနှင့် စက်ပစ္စည်းများရောက်ရှိတပ်ဆင်နေမှုကို ကြည့်ရှုခဲ့ခြင်းဖြစ်ပြီး သတ်မှတ်အချိန် ကာလတွင်း ပြီးစီးရေးဆောင်ရွက်ကြရန် ဘေးထွက်ပစ္စည်းများကို တန်ဖိုးမြှင့်ထုတ်ကုန်မျာထုတ်လုပ်နိုင်ရေးတို့ကို နည်းပညာအသုံးပြုဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် DRY ICE ထုတ်လုပ်နိုင်ရန် လိုအပ်တဲ့ စက်ကိရိယာများ တပ်ဆင် သွားမှာဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ကပြောကြားခဲ့ပါတယ်။ ယခုစီမံကိန်းပြီးစီးပါက အပိုင်း (၂) ကို တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ၃ သန်း ချက်လုပ်နိုင်တဲ့ ရေနံချက် စက်ရုံ အဖြစ် ၂၀၂၈ ခုနှစ်တွင်း အပြီးတည်ဆောက်သွားရန် စီမံဆောင်ရွက်နေကြောင်း သိရပါတယ်။ (NVS 004)