“ရန်ကုန်မြို့သို့ စားအုန်းဆီတင်သင်္ဘော ၂ စီး ဝင်‌ရောက်ဆိုက်ကပ်လာ”

23 Jan

စားအုန်းဆီတင်သင်္ဘော ၂ စီး ဇန်နဝါရီလ ၂၁ ရက်နံနက်ပိုင်းနှင့် ညပိုင်းတို့က ရန်ကုန်မြို့ရှိ Wilmar Myanmar International Port၊ ထီးတန်းဆိပ်ကမ်းတို့သို့ ဆိုက်ကပ်လာခဲ့ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းကနေ သိရပါတယ်။ Hong Bo 8 သင်္ဘောနှင့် TTC PIONEER သင်္ဘောတို့မှာ စားအုန်းဆီများကို စားသုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းကြီးကြပ်ရေး ကော်မတီကြီးကြပ်မှုနဲ့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဆီကန် ကြီးကြပ်ရေးလုပ်ငန်းအဖွဲ့၊ စားသုံးဆီ အရည်အသွေးစစ်ဆေးကြပ်မတ်ရေးအဖွဲ့တို့မှ ဇန်နဝါရီလ ၂၁ ရက်က စစ်ဆေးခဲ့ကြ ကြောင်း သိရပါတယ်။ အဆိုပါအဖွဲ့ဝင်များက ဆီသိုလှောင်ကန်များအတွင်းသို့ သိုလှောင်ထည့်သွင်းနေမှု၊ စားသုံးဆီ အရည်အသွေး၊ စားသုံးဆီတင်သွင်းတန်ချိန်များ မှန်ကန်မှုရှိ/မရှိနှင့် ဆီကန်များမှ ဆီများစနစ်တကျဖြန့်ဖြူးနေမှုနှင့် ဝိတ်ချိန်များလျော့နည်းမှုမရှိစေရေးတို့ကို စစ်ဆေးခဲ့ကြကြောင်း သိရပါတယ်။ (NVS 004)

23 Jan

ADVERTISE HERE .