“ငပုတောမြို့နယ်မှာ မှတ်ပုံတင်၊သန်းခေါင်စာရင်းပျောက်ဆုံး/ပျက်စီးသူများကို One Stop Serviceနဲ့ဆောင်ရွက်ပေး”
23 Jan
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်း နေထိုင်သူများအနက် မှတ်ပုံတင်၊ သန်းခေါင်စာရင်း ပျောက်ဆုံး/ ပျက်စီးသူများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ငပုတောမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက One Stop Service ဖြင့် ဇန်နဝါရီလ ၂၂ ရက်ကဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။ အခုလိုဆောင်ရွက်ပေးနေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်မှ မှတ်ပုံတင်၊ သန်းခေါင်စာရင်း ပျောက်ဆုံး/ပျက်စီးသွားသူများနှင့် အသက် ၁၈ နှစ်ပြည့် မှတ်ပုံတင်လျှောက်ထား ရခြင်းမရှိသေးသူများကို ပန်းခင်းစီမံချက် အဆင့် (၃) နဲ့ဆောင်ရွက်ပေးနေမှု၊ မှတ်ပုံတင်ရရှိပြီးသူများကို e-ID စနစ်နဲ့ Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ်တစ်ပါတည်းထုတ်ပေးနေမှုတို့ကိုကြည့်ရှုခဲ့ပါတယ်။ အဲဒီနောက် လာရောက်ပြုလုပ်တဲ့ ဒေသခံများကို နှုတ်ဆက်ကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး One Stop Service နဲ့ ဆောင်ရွက်ပြီးဖြစ်တဲ့ မှတ်ပုံတင်များကို ကာယကံရှင်တစ်ဦးချင်းထံ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် က မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များကို တွေ့ဆုံခဲ့ပြီး ငပုတော မြို့နယ်အနေနဲ့ ရွေးကောက်ပွဲအပိုင်း(၃)တွင် ပါဝင်မှု၊ ရွေးကောက်ပွဲတွင် မှတ်ပုံတင်ကိုင်ဆောင် မဲပေးနိုင်ရေးနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအနေဖြင့် မှတ်ပုံတင်ပျောက်ဆုံး/ပျက်စီးမှုရှိပါက သက်ဆိုင်ရာလဝကရုံးသို့ ဆက်သွယ် လျှောက်ထားဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့ပါတယ်။ (NVS 004)