“ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍမှာ တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၂၄၃ သန်းကျော် ရင်းနှီးမြှုပ်နှံထား”

23 Jan

မြန်မာနိုင်ငံရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍမှာ တရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုပမာဏက အမေရိကန်ဒေါ်လာ ၂၄၃ ဒသမ ၂၉၈ သန်းတန်ဖိုးရရှိခဲ့ပါတယ်။ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ ပူးတွဲကော်မတီအောက်ရှိ သတင်းအချက်အလက် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့၏ ၂၀၂၅ ခုနှစ် နိုဝင်ဘာလကုန်အထိ အချက်အလက်များအရ သိရပါတယ်။ မြန်မာနိုင်ငံရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအနက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍမှာ နိုင်ငံပေါင်း ၁၄ နိုင်ငံမှ လာရောက် ရင်းနှီးမြှုပ်နှံလျက်ရှိပြီး အဆိုပါနိုင်ငံများအနက် တရုတ်နိုင်ငံမှ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏက အမေရိကန်ဒေါ်လာ ၂၄၃ ဒသမ ၂၉၈ သန်းတန်ဖိုးရှိ လုပ်ငန်းနှစ်ခုကို လုပ်ကိုင်လျက်ရှိပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၆၄ ခုကို လုပ်ကိုင်ခွင့်ပြုထားပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏဟာ အမေရိကန်ဒေါ်လာ ၁၁,၄၇၆ ဒသမ ၂၄၉ သန်းရှိကြောင်း သိရပါတယ်။ (NVS 004)

23 Jan

ADVERTISE HERE .