“(၅၄) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကျင်းပမည်”
23 Jan
(၅၄)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသနညီလာခံကို ဆေးသုတေသနဆောင်ရွက် မှုများမှသည် ပိုမိုကောင်းမွန်သော ကျန်းမာရေးဆီသို့ "Better Health through Medical Research" ဟူသော ဆောင်ပုဒ်ဖြင့် ဇန်နဝါရီလ ၂၆ ရက် မှ ၃ဝ ရက် အထိ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် အမှတ်-၅ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်)၌ ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။ ညီလာခံတွင် သုတေသနစာတမ်း ၇၁ စောင်နှင့် သုတေသနပိုစတာ ၄၅ စောင်တို့ကို တင်သွင်းဖတ်ကြား သွားမှာဖြစ်ပါတယ်။ အဆိုပါညီလာခံသို့ ပြည်တွင်းပြည်ပမှ သုတေသီများ တက်ရောက်ကြမည်ဖြစ်ပြီး ပညာရပ်ဆိုင်ရာ ဟောပြောပွဲ၊ Symposium လေးခုနှင့် Scientific Talk နှစ်ခုတို့ကိုလည်း ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)
23 Jan