အီရန်၌ လတ်တလောဖြစ်ပွားခဲ့သော အဓိကရုဏ်းဖြစ်ရပ်အတွင်း လူ ၃,၁၁၇ ဦး သေဆုံးခဲ့သည်ဟု အီရန် တရားဝင်ထုတ်ပြန်
22 Jan
အီရန်နိုင်ငံတွင် လတ်တလောဖြစ်ပွားခဲ့သော အဓိကရုဏ်းဖြစ်ရပ်ကြောင့် လူပေါင်း ၃,၁၁၇ သေဆုံးခဲ့ပြီး ယင်းအနက် ၂,၄၂၇ ဦးမှာ အများပြည်သူနှင့် တရားဥပဒေစိုးမိုရေးဝန်ထမ်းများဖြစ်ကြောင်း အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံ ရုပ်သံလွှင့်ဌာန(IRIB) က အီရန်အမျိုးသားလုံခြုံရေးကောင်စီ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဇန်နဝါရီလ ၂၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။ အီရန်အမျိုးသားလုံခြုံရေးကောင်စီ၏ အဆိုပါထုတ်ပြန်ချက်တွင် ဇန်နဝါရီလ ၈ ရက်နှင့် ၉ ရက်က အီရန် ဒေသအချို့တွင် အကြမ်းဖက်လှုပ်ရှားမှု အများအပြားဖြစ်ပွားခဲ့ကြောင်း၊ အကြမ်းဖက်သမားများသည် အစွန်းရောက် IS အဖွဲ့၏ လုပ်ရပ်များနှင့်ပုံစံတူသော အကြမ်းဖက်မှုများဖော်ဆောင်ခဲ့ပြီး သေနတ်များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြောင်း၊ အကြမ်းဖက်လှုပ်ရှားမှုများကြောင့် ဈေး၊ ဆိုင်ခန်း၊ ဘဏ်၊ ဗလီ၊ ကယ်ဆယ်ရေးကားများ၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်များ၊ ဆေးကုသရေးစင်တာ၊ ဆီဆိုင် စသည့် အများပိုင်နှင့် ပုဂ္ဂလိကပိုင် ပစ္စည်းဥစ္စာများ ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြထားသည်။ (Repost from Xinhua Myanmar)