“ဒုတိယအဆင့်မှာ ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲမှထွက်ခဲ့ရတဲ့ ရာဒူကာနူ”
22 Jan
ဆီဒင်အဆင့် (၂၈) ရထားတဲ့ ဗြိတိန်တင်းနစ်မယ် ရာဒူကာနူဟာ ဩစတြေးလျအိုးပင်း ဒုတိယအဆင့်ပွဲမှာ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေထွက်လိုက်ရပါတယ်။ ပထမအဆင့်မှာ ထိုင်းတင်းနစ်မယ်ကို အနိုင်ယူကျော်ဖြတ်လာခဲ့တဲ့ ရာဒူကာနူ ဟာ ဒုတိယအဆင့်ပွဲအဖြစ် ဩစတြီးယားတင်းနစ်မယ် ပိုတာပိုဗာ နဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး လက်ရှိကမ္ဘာ့အဆင့် (၅၉) မှာရပ်တည်နေတဲ့ ပိုတာပိုဗာ ဟာ ပွဲစထဲက ရာဒူကာနူ ကို ဖိအားပေးကစားသွားနိုင်ခဲ့ပါတယ်။ ပွဲချိန်အစောပိုင်းမှာကတည်းက အကြိတ်အနယ်ရှိပြီး ဒုတိယပွဲလတ်မှာတော့ ရာဒူကာနူ က အမှားတွေများခဲ့လို့ ရလဒ်က အပြတ်အသတ်ဖြစ်သွားခဲ့ရပါတယ်။ အဆိုပါပွဲစဉ်က ပွဲကစားချိန် ၁ နာရီနဲ့ ၃၁ မိနစ်ကြာခဲ့ပြီး ပိုတာပိုဗာ က ရာဒူကာနူ ကို ၇ : ၆၊ ၆ : ၂ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး တတိယအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ် ပိုတာပိုဗာ အတွက်တော့ ၂၀၂၁ ဩစတြေးလျအိုးပင်းမှာ တတိယအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီးနောက် ၅ နှစ်အကြာမှာ တတိယအဆင့်ကို ပထမဆုံးအကြိမ် ပြန်လည်တက်ရောက်နိုင်မှု ဖြစ်ခဲ့ပါတယ်။ (NVS 008)