“ဂျီရိုနာအသင်းထံ အငှားနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဘာစီလိုနာအသင်း ဂိုးသမား စတီဂျန်”

22 Jan

ဘာစီလိုနာအသင်းရဲ့ ဂျာမနီဂိုးသမား စတီဂျန် ဟာ ဂျီရိုနာအသင်းကို ရာသီကုန်အငှားစာချုပ်နဲ့ ပြောင်းရွှေ့ ခဲ့ကြောင်း သိရပါတယ်။ ၂၀၁၄ ခုနှစ်ကတည်းက မိုချန်ဂလာဘတ် ကနေ ဘာစီလိုနာအသင်းကို ရောက်ရှိခဲ့တဲ့ စတီဂျန် ဟာ အသင်း အတွက် ပြိုင်ပွဲစုံ ၄၂၃ ပွဲ ကစားပေးထားသူ ဖြစ်ပါတယ်။ အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ စတီဂျန် ဟာ ၂၀၂၃-၂၄ ရာသီအထိ ဘာစီလိုနာအသင်းရဲ့ နံပါတ်(၁) ဂိုးသမားအဖြစ် ရပ်တည်နိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီကစပြီး အရန်ခုံထိုင်ခဲ့ရပါတယ်။ လက်ရှိအချိန်မှာ အက်စ်ပန်ညို က ပြောင်းရွှေ့လာတဲ့ စပိန်ဂိုးသမား ဟွမ်ဂါစီယာ က ဘာစီလိုနာအသင်းရဲ့ အဓိကဂိုးသမားအဖြစ် လက်စွမ်းပြနေပြီဖြစ်တာကြောင့် စတီဂျန် က အငှားထွက်ကစားဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ စတီဂျန် ဟာ ဘာစီလိုနာအသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်ရရန် ပုံမှန်ကစားခွင့်ရမယ့်အသင်းထံ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ဘာစီလိုနာအသင်းကလည်း လစာပေးချေရမှု လျော့ကျစေဖို့အတွက် ခွင့်ပြုခဲ့ခြင်းဖြစ်ပါတယ်။ စတီဂျန် ဟာ ဘာစီလိုနာအသင်းကို ဂျာမန်နည်းပြ ဟန်ဆီဖလစ်ခ် ရောက်ရှိလာချိန်ကစပြီး အသင်းမှာ ၁၀ ပွဲသာ ကစားခွင့်ရခဲ့ကြောင်း သိရပါတယ်။ (NVS 008)

22 Jan

ADVERTISE HERE .