“ချန်ပီယံလိဂ်(၁၆)သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်ခွင့်ရချင်တယ်လို့ဆိုတဲ့ လီယမ်ရိုစီနီယာ”

22 Jan

ချဲလ်ဆီးနည်းပြ လီယမ်ရိုစီနီယာ က ချန်ပီယံလိဂ်(၁၆)သင်းအဆင့်ကို တိုက်ရိုက်တက်ရောက် ခွင့်ရလိုတယ် လို့ ပြောကြားခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ League Phase အဆင့်မှာ ပြိုင်ပွဲဝင်အသင်းတစ်သင်းဟာ ၈ ပွဲစီ ယှဉ်ပြိုင်ကစားရပြီး အဆင့်(၁) ကနေ အဆင့်(၈)အထိ ရပ်တည်နိုင်တဲ့ အသင်း ၈ သင်းသာ ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းက ၇ ပွဲယှဉ်ပြိုင်အပြီးမှာ အဆင့်(၈) နေရာရောက်ရှိခဲ့ပြီး လက်ကျန်ပွဲကို နာပိုလီနဲ့ အဝေးကွင်း ပွဲစဉ် ယှဉ်ပြိုင်ကစားရမှာဖြစ်တာကြောင့် အနိုင်ကစားနိုင်မှသာ တိုက်ရိုက်တက်ရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဆိုက်ပရပ်စ်ကလပ် ပါဖိုးစ်နဲ့ ပွဲစဉ်က ချဲလ်ဆီး အသင်း နည်းပြသစ် လီယမ်ရိုစီနီယာအတွက် နည်းပြဘဝမှာ ပထမဆုံးကိုင်တွယ်ခွင့်ရမယ့် ချန်ပီယံလိဂ်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး တစ်ဂိုး ဂိုးမရှိအနိုင်ရရှိခဲ့ပါတယ်။ (NVS 008)

22 Jan

ADVERTISE HERE .