“အင်တာမီလန်အသင်းနှင့်ပွဲမှာ ၂ ဂိုးသွင်းယူကာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ အာဆင်နယ်တိုက်စစ်မှူး ဂျီးဇက်”
22 Jan
အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး ဂျီးဇက် က အင်တာမီလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ သွင်းဂိုး ၂ ဂိုးအထိ သွင်းပြီး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ဘရာဇီးလ်တိုက်စစ်မှူး ဂျီးဇက် ဟာ ၂၀၂၅ ဇန်နဝါရီလမှာ ဒဏ်ရာရရှိခဲ့တာကြောင့် တစ်နှစ်နီးပါး အနားယူ ခဲ့ရပြီး ဒီဇင်ဘာလမှာ ပြန်လည်ကစားနိုင်ခဲ့ပါတယ်။ ဒါကြောင့် လက်ရှိဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၉ ပွဲသာ ကစားခွင့် ရထားသလို၊ ပွဲထွက်ကစားခွင့်ရရှိမှုနေနဲ့လည်း ၃ ပွဲသာ ရှိပါသေးတယ်။ အင်တာမီလန်အသင်းနဲ့ပွဲစဉ်က တတိယမြောက်ပွဲထွက်ကစားခွင့်ရတဲ့ ပွဲစဉ်ဖြစ်ပြီး နှစ်ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဂျီးဇက် က အိပ်မက်ညဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)
22 Jan