“အမေရိကန်က NATO တပ်ဖွဲ့အတွင်း ပါဝင်မှုကို လျှော့ချရန်စီစဉ်”

22 Jan

အမေရိကန်နိုင်ငံသည် NATO တပ်ဖွဲ့အတွင်းပါဝင်မှုကို လျှော့ချရန်စီစဉ်ထားသည်ဟု သတင်းအရင်းအမြစ် များ၏ပြောဆိုချက်ကိုကိုးကား၍ Washington Post သတင်းဌာနက ဇန်နဝါရီလ ၂၁ ရက်တွင် ထုတ်ပြန်ထား သည်။ ပင်တဂွန်စစ်ဌာနချုပ်အနေဖြင့် NATO တပ်ဖွဲ့၏အကြံပေးအဖွဲ့နှင့် လေ့ကျင့်ရေးအဖွဲ့များတွင်ပါဝင်မှုကို လျှော့ချသွားမည်ဖြစ်ပြီး ယင်းလုပ်ဆောင်ချက်သည် အမေရိကန်နိုင်ငံက ဥရောပဒေသအတွင်းတည်ရှိမှုကို တဖြည်းဖြည်းလျှော့ချရေးအတွက် လုပ်ဆောင်မှုတစ်ခုဖြစ်သည်ဟု လေ့လာသူများကပြောသည်။ ယခုကဲ့သို့ လျှော့ချမှုအတွက် NATO တပ်ဖွဲ့တွင် အမေရိကန်စစ်သည်အင်အား ၂ဝဝ ခန့်လျော့ကျသွားမည်ဖြစ်သည်။ ယခုလျှော့ချမှု၌ အမေရိကန်စစ်သည်များကို ချက်ချင်းပြန်ခေါ်သွားမည်မဟုတ်ဘဲ လေ့ကျင့်ရေး သင်တန်းပေးကာလပြီးမှသာ နောက်ထပ်အစားထိုးစစ်သည်များ စေလွှတ်ခြင်းမပြုဘဲ ထိုအစီအစဉ်များတွင် ပါဝင်မှုကို လျှော့ချသွားမည် ဖြစ်သည်။ ယင်းကဲ့သို့ အမေရိကန်၏ပါဝင်မှုကို လျှော့ချခြင်းကြောင့် NATO တပ်ဖွဲ့၏ အထူးစစ်ဆင်ရေးများနှင့် ထောက်လှမ်းရေးလုပ်ငန်းများအပေါ် သက်ရောက်မှုရှိစေမည် ဖြစ်သည်။ ထိုသို့ပါဝင်မှုကို လျှော့ချရန် လွန်ခဲ့သော လများစွာကတည်းက စဉ်းစားထားခြင်းဖြစ်ကြောင်း သတင်းအရင်းအမြစ် များက ပြောသည်ဟု RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။

22 Jan

ADVERTISE HERE .