“ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင်ပါဝင်ရန် ဖိတ်ကြားခံရပြီးနောက် ကုလသမဂ္ဂမဏ္ဍိုင်ပြုနိုင်ငံတကာစနစ်ကို ကာကွယ်မည်ဟု တရုတ်ဆို”

22 Jan

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဦးဆောင်မည့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့၌ တရုတ်နိုင်ငံကိုပါဝင်ရန် ဖိတ်ကြားခံရပြီးနောက် တရုတ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂမဏ္ဍိုင်ပြုသော နိုင်ငံတကာစနစ်ကို ကာကွယ်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂၁ ရက်တွင်ပြောသည်။ ပဋိပက္ခများကိုဖြေရှင်းနိုင်ရန် ရည်ရွယ်ဖွဲ့စည်းသည်ဟူသော ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် တရုတ်နိုင်ငံပါဝင်ခြင်းရှိ၊ မရှိနှင့် ပတ်သက်၍ အတိ အလင်း ထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း ပြောင်းလဲမှုများရှိလာသည့်တိုင် တရုတ်နိုင်ငံက ကုလသမဂ္ဂကို အခြေခံသော နိုင်ငံတကာစနစ်ကို ထောက်ခံပေးသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ ဂိုကျာကွန်း က ပုံမှန်သတင်းစာရှင်းလင်း ပွဲတွင်ပြောသည်။ အဆိုပါပြောရေးဆိုခွင့်ရှိသူက နိုင်ငံတကာအခြေအနေများ မည်သို့ပင်ပြောင်းလဲသွားစေကာမူ တရုတ်နိုင်ငံ အနေဖြင့် ကုလသမဂ္ဂကိုမဏ္ဍိုင်ပြုသော နိုင်ငံတကာစနစ်၊ ကုလသမဂ္ဂပဋိညာဉ်ပါ ရည်မှန်းချက်များနဲ့ စည်းမျဉ်း များကို အခြေခံထားသည့် နိုင်ငံတကာဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ပြောထားခြင်း ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဒုတိယမြောက် စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သည်သာမက ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင်လည်း အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် ကုလသမဂ္ဂကို ပြုပြင်ပြောင်းလဲမှုများ လုပ်ရန် တောင်းဆိုသည့်အချိန်တိုင်းတွင် အမြဲတစေကာကွယ်မှုပြုခဲ့ခြင်းဖြစ်ကြောင်း ST သတင်းဌာန ဖော်ပြချက် အရ သိရသည်။

22 Jan

ADVERTISE HERE .