“စိုက်ပျိုးရေးထွက်ကုန်များကို ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး အိန္ဒိယနိုင်ငံ နှင့်ဆွေးနွေး”

22 Jan

အိန္ဒိယနိုင်ငံသို့ မြန်မာ့ပဲမျိုးစုံအပါအဝင် စိုက်ပျိုးရေးထွက်ကုန်များ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးကို နှစ်နိုင်ငံ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ က မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur နှင့် (၉) ကြိမ်မြောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်ရေး ပူးတွဲကော်မတီအစည်းအဝေးသို့ တက်ရောက်ရန် နေပြည်တော်မှာ ရောက်ရှိနေတဲ့ အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ် ရေးနှင့် စက်မှုဝန်ကြီးဌာန ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန Additional Secretary Sh. Nitin Kumar Yadav တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို တွေ့ဆုံစဉ် ဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်။ တွေ့ဆုံစဉ် နှစ်နိုင်ငံပူးတွဲကုန်သွယ်ရေးကော်မတီအစည်းအဝေးမှာ မြန်မာ-အိန္ဒိယနှစ်နိုင်ငံစလုံးအတွက် အကျိုးဖြစ်ထွန်းစေမည့် ရလဒ်ကောင်းများ ပေါ်ထွက်လာစေရေး၊ နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်နိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်လိုတဲ့ လုပ်ငန်းစဉ်များ၊ နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ သက်တမ်းတိုးမြှင့်နိုင်ရေး၊ မြန်မာ့ပဲမျိုးစုံအပါအဝင် စိုက်ပျိုးရေးထွက်ကုန်များ အိန္ဒိယနိုင်ငံသို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး၊ နှစ်နိုင်ငံကုန်သွယ်မှုမှာ နှစ်နိုင်ငံငွေကြေးများ အသုံးပြုမှုအဆင်ပြေချောမွေ့စေရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရေးနှင့် နှစ်ဖက်စီးပွားရေး လုပ်ငန်းရှင်များ အပြန်အလှန်ကူးလူးဆက်ဆံမှုများကို တွန်းအားပေးဆောင်ရွက်သွားရေးတို့ကိုဆွေးနွေးခဲ့ကြပါတယ်။ (NVS 004)

22 Jan

ADVERTISE HERE .