“မြန်မာကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံသူများ အထူးသတိပြုလိုက်နာရမည့်အချက်များကို အသိပေးနှိုးဆော်”
22 Jan
ICJ မှာ မြန်မာနိုင်ငံကိုယ်စားပြုဖြေရှင်းနေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့များကို အားပေးထောက်ခံသူများ အထူးသတိပြုလိုက်နာရမည့်အချက်များကို အသိပေးနှိုးဆော်ထားပါတယ်။ မြန်မာကိုယ်စားလှယ်အဖွဲ့ကို အားပေးထောက်ခံသူများအနေဖြင့် ICJ တရားရုံးနှင့် တရားသူကြီးများကို ဝေဖန်ပုပ်ခတ်ခြင်း၊ ဖိအားပေးတဲ့ သဘောရေးသားပြောဆိုခြင်းများ လုံးဝမပြုလုပ်ကြပါရန်၊ လူမျိုးရေးခွဲခြားသည့် အသုံးအနှုန်းများရေးသားပြောဆိုခြင်း၊ လက်ကိုင်ဆိုင်းဘုတ်ပြုလုပ်ခြင်းများ မပြုလုပ်ကြပါရန် အသိပေးနှိုးဆော်ထား ပါတယ်။ ဒါ့အပြင် တိုင်းရင်းသား အမျိုးအမည်တွင်မပါဝင်တဲ့ တိုင်းရင်းသားအဖြစ်မသတ်မှတ်ထားတဲ့ လူမျိုးအမည်ကို သုံးစွဲပြီး ထိုအမည်ကို အမုန်းစကားများမပြုလုပ်ကြပါရန်၊ မြန်မာကိုယ်စားလှယ်အဖွဲ့အနေနဲ့ နိုင်ငံတကာဥပဒေ များနှင့်အညီ သက်သေအထောက်အထားခိုင်လုံစွာနဲ့ တရားရုံးတွင်ရင်ဆိုင်ဖြေရှင်းနေကြောင်းကိုသာ ထောက်ခံ ရေးသားပြောဆိုကြပါရန်လည်း အသိပေးနှိုးဆော်ထားပါတယ်။ မြန်မာကိုယ်စားလှယ်အဖွဲ့အနေနဲ့ နိုင်ငံတကာဥပဒေများနှင့်အညီ တရားရင်ဆိုင်ဆဲကာလဖြစ်ရာ အားပေး ထောက်ခံမှုများကို လူမှုကွန်ရက်ပေါ်တွင်လည်းကောင်း၊ အဖွဲ့အစည်းများမှ မြို့/ရွာအသီးသီးတွင် ထောက်ခံပွဲများ ပြုလုပ်ရာမှာလည်းကောင်း အထူးသတိပြုလိုက်နာကြပါရန် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် နှိုးဆော်ခဲ့ခြင်းဖြစ်ပါတယ်။ (NVS 004)